၂၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ စတင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခဲ့သည်။





ယာယီသမ္မတ မဲပေးခဲ့သည့် မဲဆန္ဒနယ်သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်၊ မဲရုံအမှတ် (၁) တွင် မဲပေးခဲ့ခြင်းဖြစ်သည်။





မဲပေးပြီးချိန် မီဒီယာများ၏ မေးမြန်းမှုအပေါ် ယာယီသမ္မတက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ကို အာမခံထားကြောင်းနှင့် တပ်မတော်က ပြုလုပ်သည့်အတွက် နာမည်ပျက်မခံကြောင်း ပြောကြားခဲ့သည်။
