နေမိုး
၂၈. ၁၂. ၂၀၂၅
မန္တလေး PDF များက လက်နက်မဲ့ပြည်သူများနေထိုင်သည့် အမရဌာနီရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။





ဖြစ်စဥ်မှာ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်ထဲကို PDF များက ရှော့တိုက်ဒုံးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲစတင်ကျင်းပနေပြီဖြစ်သဖြင့် လုံခြုံရေးတင်းကျပ်ထားချိန် ပြည်သူများဒီမိုကရေစီစနစ်အောက်သို့ ပြန်ရောက်မည်ကိုမလိုလားဘဲ လက်နက်ကိုင်အကြမ်းဖက်မှုအောက် ပိတ်လှောင်ထားလိုသည့် PDF များက မြို့ပြင်များမှ အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာအတွင်း ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေကြခြင်းလည်းဖြစ်သည်။
