





၂၈. ၁၂. ၂၀၂၅
Written & Photo by NYL
ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ မဲရုံ (၁) တွင် ဆန္ဒ မဲပေးသူ တစစများပြားလာနေကြောင်း သိရသည်။
၂၀၂၅ ရွေးကောက်ပွဲစတင်ကျင်းပသည့် ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၆ နာရီတွင် မဲရုံကို စတင်ဖွင့်လှစ်ခဲ့သည်။
နံနက်အစောပိုင်း ၆ နာရီခွဲခန့်တွင် မဲပေးသူတစ်ဦးစ၊ နှစ်ဦးစ မဲပေးရန်လာရောက်ရာမှ နံနက် ၇ နာရီခန့်တွင် တစစများပြားလာသည်ကို တွေ့ရသည်။







ထို့ပြင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများလည်း လာရောက်သတင်းယူလျက်ရှိပြီး စည်းမျဥ်းများနှင့်အညီ လွယ်ကူစွာလေ့လာ၊ ရိုက်ကူးနိုင်သည်ကို တွေ့ရှိရသည်။
မဲလာပေးသူများတွင် သက်ကြီးရွယ်အိုနှင့်၊ ကလေးမိခင်စသဖြင့် ဌာနဆိုင်ရာဝန်ထမ်းများလည်း လာရောက်မဲပေးလျက်ရှိသည်။
