MT News
၂၂. ၁၂. ၂၀၂၅
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာအချို့အား ပြန်လည်သိမ်းပိုက်ရရှိရေး အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆေင်ရေး (Counter-Terrorism Operation) ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ထပ်မံ၍ ပြန်လည်သိမ်းပိုက်နိုင် ခဲ့သည်။
PDF အဖွဲ့များအနေဖြင့် အဆိုပါ ဒေသအား ယာယီစိုးမိုးထားစဉ် မြို့/ရွာများအတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေ အိမ်များအတွင်း ဝင်ရောက်နေရာယူ၍ ဘန်ကာများပြုလုပ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများ အဓိကသွားလာအသုံးပြုလျက်ရှိသည့် လမ်း/တံတားများအား မိုင်းထောင် ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့ အတွက် အဓိကအရေးပါသည့် ဧရာဝတီတံတား (ရတနာသိင်္ခ)ကိုလည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ ရေလယ်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့အကြားတွင်လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင် လည်းကောင်းကျိုးကျပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများဖြတ်သန်း သွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရသည်။



ထို့ကြောင့် ခရီးသွားပြည်သူများ ပြန်လည်သွားလာနိုင်ရေး၊ ဒေသတွင်း ကုန်စည် စီးဆင်းမှု ပြန်လည်လည်ပတ်နိုင်ရေး တံတားပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးတို့အတွက် အဆိုပါတံတားနေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ခဲ့ရာ ယနေ့တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် အဆိုပါ ဧရာဝတီတံတား(ရတနာသိင်္ခ)နှင့် ၎င်းနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများက အဆိုပါနေရာတစ်ဝိုက်အား ပြန်လည် သိမ်းပိုက်ရရှိခဲ့သည့်အတွက် ဧရာဝတီတံတား(ရတနာသိင်္ခ)အား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အမြန်ဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တံတားပြန်လည်ပြုပြင်ပြီးစီးပါက ဒေသအတွင်း ကုန်စည် ကူးသန်းရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ပြည်သူများက ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရပြီး တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
