April 30, 2024

MT News

Written By Thandar

“အလွမ်းသစ်ပင်”ဇာတ်လမ်းတွဲက အနုပညာရှင် ထက်အောင်ရှိုင်း နဲ့ နန်းဆုဦးတို့ရဲ့ ပရိသတ်တွေ့ဆုံပွဲနဲ့ မီဒီယာမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့က Junction City JCGV ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ပရိသတ်တွေနဲ့ မဆုံရတာကြာတော့ ပျော်စရာလေး တစ်ခုလည်းဖြစ်ပါတယ်။ ဒီကားလေးရိုက်တုန်းကလည်း အမှတ်တရတွေ ရှိတယ်။ အချစ်ကားလေးကိုမှ အချစ်ချစ်ဖို့ကောင်းတယ်။ ဖေ‌ဖော်ဝါရီ ၁၄ မှာလည်း စပြခဲ့တာတစ်ခုရယ် နန်းဆုတို့ ခုလို ရုပ်ရှင်ရုံတွေမှာ Fan တွေနဲ့လက်မှတ်ရေးထိုးတာလည်း မလုပ်ဖြစ်တာကြာပြီလေ။ ပရိသတ်တွေနဲ့ ပြန်ဆုံရလို့လည်း အမှတ်တရပိုဖြစ်ရပါတယ်”လို့ သရုပ်ဆောင် နန်းဆုဦးကပြောပါတယ်။

ဒီအခမ်းအနားမှာတော့ ပရိသတ်တွေက သူတို့ ချစ်တဲ့ မင်းသား၊ မင်းသမီးနဲ့ ဓာတ်ပုံရိုက်ပြီး လက်မှတ်ထိုးရင်း Mahar က PEZZO Pizza လက်ဆောင်တွေ ပေးခဲ့ပါတယ်။ ဒီ အလွမ်းသစ်ပင် ရိုမန့် ဒရာမာဇာတ်လမ်းလေးကို​ ဖေဖော်ဝါရီ ၁၄ ရက်ထဲက Mahar Application က ထုတ်လွှင့်ပေးနေလျှက်ရှိပါတယ်။

“အလွမ်းသစ်ပင် ” ရဲ့ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ထက်မြတ်နိုင်ဇင် ၊ ဇာတ်ညွှန်းမွန်းမံတဲ့ အနေနဲ့ ညမွှေးပန်းနဲ့ ‌ငွေစင်သွန်းတို့က ရေးသားပြီး ဒါရိုက်တာအောင်ဇော်လင်း ရိုက်ကူးထားသလို သရုပ်ဆောင်တွေဖြစ်တဲ့ ထက်အောင်ရှိင်း၊ နေထွဋ်၊ နန်းဆုဦးတို့အပြင် အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *