MT News

Written by Pan Ei

ကမ္ဘာကျော် တိုက်တန်းနစ် ရုပ်ရှင်ထွက်ရှိပြီး ၂၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် တိုက်တန်းနစ်သင်္ဘောကို ရှာတွေ့ခဲ့တဲ့အဖွဲ့က အတ္တလန္တိတ်သမုဒ္ဒရာကြမ်းပြင်ထက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောကို ရိုက်ကူးထားတဲ့ ရှားပါးဗီဒီယိုဖိုင်ကို ပထမဆုံးအနေနဲ့ ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဆောက်သမ်ပ်တန်ကနေ နယူးယော့ခ်မြို့သို့ မောင်းနှင်နေတဲ့ တိုက်တန်းနစ်သင်္ဘောဟာ ၁၉၁၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခုတ်မောင်းနေချိန် ရေခဲစိုင်တစ်ခုကို တိုက်မိပြီးနောက် နစ်မြုပ်ခဲ့ပြီး လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း နစ်မြုပ်ခဲ့တဲ့ တိုက်တန်းနစ် သင်္ဘောကြီးကို ၁၉၈၆ ခုနှစ် ဇူလိုင်လမှာ Woods Hole Oceanographic Institution (WHOI) နဲ့ ပြင်သစ်နိုင်ငံက သမုဒ္ဒရာလေ့လာရေးဆိုင်ရာအဖွဲ့ တို့ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး လူလိုက်ပါလာတဲ့ ရေငုပ်သင်္ဘောကတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ကာ ဗီဒီယို ရိုက်ကူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်တန်းနစ်ရုပ်ရှင်ထွက်ရှိပြီး ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Woods Hole Oceanographic Institution (WHOI) ဟာ ပျက်စီးနေတဲ့ တိုက်တန်းနစ်သင်္ဘောကိုရှာဖွေတွေ့ရှိစဉ်က ရိုက်ကူးထားတဲ့ မိနစ် ၈၀ ကျော် ကြာပြီး မဖြတ်တောက်ထားတဲ့ ဗီဒီယိုဖိုင်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ယူကျူ့မှာ တင်ခဲ့ရာမှာတော့ ကြည့်ရှုသူပေါင်း ၁ သန်းကျော်ရှိခဲ့ပါတယ်။

ကမ္ဘာကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ လီယိုနာဒို ဒီကာပရီယိုနဲ့ ကိတ်ဝင်းစလက်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ တိုက်တန်းနစ်ရုပ်ရှင်ဟာ အော်စကာဆု ၁၁ ဆု ရရှိခဲ့ကာ ကမ္ဘာ့တတိယမြောက် ရုံတင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တိုက်တန်းနစ်ရုပ်ရှင်ကို ပြန်လည်ရုံတင်ပြသဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Ref; Sky News

Leave a Reply

Your email address will not be published. Required fields are marked *

Related News