၁၅.၁၂.၂၀၂၅
Written by Linn Eain
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် ၂၀၂၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့တွေ့ဆုံပွဲကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် ဗဟန်းမြို့နယ်ရှိ တိုင်းဒေသကြီးပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသောကိုယ်စားလှယ်လောင်းများက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ၊ ရန်ကုန်တိုင်းဒေသကြီး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
ကိုယ်စားလှယ်လောင်းအချို့နှင့် တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးနှင့် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနေလင်း၊ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဒေါ်သင်းသင်းမိုး၊ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (PR) ဒေါ်စန်းစန်းဝင်း၊ အမျိုးသားလွှတ်တော် (FPTP)ကိုယ်စားလှယ်လောင်း ဦးခင်မောင်တင့်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးအေးမြင့်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အိအိလှိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) တိုင်းဒေသကြီး(FPTP) ကိုယ်စားလှယ်လောင်း ဒေါ်ဇာခြည်လင်း ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဥ်ပြိုင်မည့် ကိုယ်စားလှယ် (၆၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။






