၁၄.၁၂.၂၀၂၅
Written By Thandar
ရုပ်ရှင်လောကအတွက် ကြယ်ပွင့်လေးများအဖြစ်လင်းလက်လာမယ့် မင်းသား ဇော်ရှိုင်းထက်နဲ့ မင်းသမီး အေးသန္တာဗိုတို့ကို မိတ်ဆက်ပွဲ “The Making of a Star” အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။






“ရှိုင်းကို တကယ့်နာမည်ကြီးတဲ့ စိန်ဌေးရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ဇာတ်ကားတွေမှာ ရှိုင်းတို့မောင်နှမနှစ်ယောက် ပါဝင်ရိုက်ကူးရမယ်ဆိုတဲ့ အခွင့်အရေးက တကယ်ကို မယုံနိုင်အောင်ပါဘဲ။ အံ့ဩရပါတယ်။ ဂုဏ်လည်း ဂုဏ်ယူရပါတယ်။ တကယ့်ကို ဝါရင့်စီနီယာတွေ မွေးထုတ်ပေးတဲ့ နေရာလည်းဖြစ်ပါတယ်။ ကမ်းလှမ်းတုန်းကလည်း အိပ်မက်မက်နေသလိုပါပဲ။ကျွန်တော်ရဲ့ အနုပညာသက်တမ်းဆိုရင် ၁၀ နှစ်ရှိပါပြီ။ ယုံကြည်စွာရဲ့ လက်တွဲပြီးတော့ ဇာတ်ကားရိုက်ကူးသွားမှာပါ” လို့ သရုပ်ဆောင် ဇော်ရှိုင်းထက်က MT Entertainment ကိုပြောပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ စိန်ဌေးထုတ်လုပ်ရေးက ဦးဝင်းကြည်၊ ဦးဝင်းငြိမ်း၊ ဒါရိုက်တာ မင်းဆက်သစ်၊ သရုပ်ဆောင်မေမီကိုကို စတဲ့သူတွေတက်ရောက်ခဲ့ကြပါတယ်။
Sein Htay Film Production က ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေမှာ ဇော်ရှိုင်းထက်နဲ့ မေမီကိုကိုတို့က ပါဝင်သရုပ်ဆောင်သွားကြမှာလည်းဖြစ်ပါတယ်။
