◾️ EAO များ၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အစိုးရမျက်နှာကို မကြည့်ချင်နေ နိုင်ငံတော်နှင့် ပြည်သူလူထု၏ မျက်နှာကို ကြည့်ရန်ပါ ပြောကြား
၁၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ကျားဖြန့်လုပ်ငန်းများတွင် တချို့သောတိုင်းရင်းသားလက်နက်ကိုင် EAO များ၊ လက်နက်ကိုင် အဖွဲ့အစည်းများအပြင် တချို့သော BGF အဖွဲ့များလည်း ပါဝင်နေခြင်းအပေါ် မကောင်းသည့်သွေး ဖောက်ထုတ်ရှင်းလင်းပစ်ရမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။



“ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ ခုနက ကျွန်တော်ပြောသွားတဲ့ အသုံးအနှုန်းလေးတွေထဲမှာ ကျွန်တော်တို့ပါပြီးဖြစ်ပါတယ်။ ဒီအွန်လိုင်းလိမ်လည်မှုတွေထဲမှာ အွန်လိုင်းလိမ်လည်မှု တချို့သော EAO အဖွဲ့တွေ၊ တချို့သော လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေတယ်ဆိုတာကို ကျွန်တော်တို့ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယင်းကဲ့သို့ ပါဝင်ရာတွင် အဖွဲ့အစည်းအနေဖြင့် ပါဝင်နေခြင်းထက် အဖွဲ့အစည်းအတွင်းရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်းကောင်း၊ အဆိုပါ ပုဂ္ဂိုလ်တစ်ဦးချင်း၏ နောက်တွင်လိုက်နေသည့် အဖွဲ့ငယ်လေးများအလိုက်သော်လည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဟ“ဒီနေရာမှာ ကျွန်တော် ပြောချင်တာက မကောင်းတဲ့သွေးဆိုရင်တော့ ဖောက်ထုတ်ပစ်ရမှာပဲ ဖြစ်တယ်။ အဖွဲ့အစည်းတိုင်းမှာ ကောင်းတဲ့လူရှိတယ်။ မကောင်းတဲ့လူရှိတယ်။ မကောင်းတဲ့သွေးဆိုရင်တော့ ဖောက်ထုတ်ပစ်ရမှာဖြစ်တယ်။ အဖွဲ့အစည်းအားလုံးသည် မကောင်းတာ မဟုတ်ဘူး။ အခုဆိုရင် ရွှေကုက္ကိုလ်မှာ လုပ်ဆောင်နေတဲ့အထဲမှာ BGF အဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ဆောင်ရွက်နေတာရှိတယ်။ တချို့လည်း ပူးပေါင်းမပါဝင်တဲ့ BGF အဖွဲ့တွေရှိတယ်။ ကျွန်တော်တို့ကတော့ ခွဲခွဲခြားခြားလုပ်ပစ်ရမှာဖြစ်တယ်။ ခုနက ပြောသလို အဖွဲ့အစည်းများ၊ EAO များ၊ အဖွဲ့အစည်းများအနေနဲ့လည်း ကျွန်တော်တို့ အစိုးရရဲ့ မျက်နှာကို မကြည့်ချင်နေပါစေ။ နိုင်ငံတော်ရဲ့ မျက်နှာကို၊ ပြည်သူလူထုရဲ့မျက်နှာကို ကြည့်ပါလို့ပဲ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
