နေမိုး
၁၃. ၁၂. ၂၀၂၅
ချောက်မြို့မှ ဂွေးချိုရွာသွားသူ သက်ကြီးပိုင်းအမျိုးသားနှစ်ဦးကို PDF များက ဖမ်းဆီးသတ်ဖြတ်လိုက်မှု ဒီဇင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြီးနီကျေးရွာအနီး ရထားသံလမ်းဘေး၌ အမျိုးသား နှစ်ဦးအား မျက်နှာအဝတ်စည်းထားလျက် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစစ်ဆေးခဲ့ရာ ဒီ ဇင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ချောက်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ဦးကျော်အေး(၆၁)နှစ်နှင့် ဂွေးချိုကျေးရွာနေ ဦးခင်မောင်နိုင်(၆၁)နှစ်တို့သည် ချောက်မြို့မှ ဂွေးချိုကျေးရွာသို့ ချောက်-မိုလာ-ဂွေးချိုသွားကားလမ်းအတိုင်း မော်တော်ယာဉ် တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် PDF များက မော်တော်ယာဉ်အားတားဆီး၍ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကြီးနီကျေးရွာအနီး ရထားသံလမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင် သတ်ဖြတ်ခံခဲ့ရသည်။
