၁၁.၁၂.၂၀၂၅
Written by Hey Mar



ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှေ့ မီးပွိုင့်ထိပ်မှာ မနေ့က ည ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ကား ရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဉ်အတွင်း စတင်တိုက်တဲ့ကားက သရုပ်ဆောင်မင်းသား မိုးအောင်ရင် မောင်းနှင်လာတဲ့ Toyota Lexus အမဲရောင်ကားလို့ သိရပါတယ်။
ဖြစ်စဉ်က မြန်မာပလာဇာအနီး ကမ္ဘာအေး ဘုရားလမ်းပေါ်က ကုန်းကျော်တံတားပေါ်ကနေ အရှိန်နဲ့ ဆင်းလာတဲ့ Toyota Lexus အမဲရောင်ကားက မီးပွိုင့်တန်းစီနေတဲ့ ရှေ့က EV ကား၊ Taxi နဲ့ အိမ်စီးကား စုစုပေါင်း ရှစ်စီးကို ဝင်တိုက်မိရာမှာ နှစ်စီးကတော့ အနည်းငယ်သာ ထိခိုက်ပွန်းခြစ်ရာလောက်ဖြစ်သွားတာမို့ ဆက်လက်ထွက်ခွာသွားခဲ့ပြီး ကျန် ခြောက်စီးမှာ ပျက်စီးဆုံးရှုံးမှု များခဲ့တယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိတဲ့ ဒေသခံ တစ်ဦးက “သူ့ဘာသာ ကားကပဲ အရှိန်မထိန်းနိုင်တာလား။ စော်နဲ့ပဲ ပြဿနာတက်လာကြတာလားတော့ မသိဘူး။ တိုက်တဲ့အရှိန်က အတော်ပြင်းတယ်။ လူတွေတော့မထိခိုက်ဘူး။ ကား ခြောက်စီးမှာ တိုက်တဲ့ မိုးအောင်ရင်ကားအပါအဝင် တက္ကစီနှစ်စီးနဲ့ အိမ်စီးကား တစ်စီးက အတော်ပျက်စီးသွားတာ။ ကျန်တဲ့ နှစ်စီးက နောက်ဖုံးပိန်၊ ဘန်ကာပြုတ်တာလောက်ပဲဆိုပေမယ့် EV ကားအမြင့်တွေ” လို့ ပြောပါတယ်။
