၁၀. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပြည်ပရောက်သူများနှင့် လက်နက်ကိုင်အကြမ်းဖက်များက ပြည်သူများ၏နေ့စဥ်သွားလာရှင်သန်မှုကို အခက်အခဲဖြစ်အောင် Silent Strike ပြုလုပ်မည်ဟု ကြေညာထားသော်လည်း လွန်ခဲ့သည့်ငါးနှစ်က Silent Strike စလုပ်ကြစဥ် မလုပ်သူများကို သတ်ဖြတ်ဒုက္ခပေးသဖြင့် မပြုလုပ်လိုသော်လည်း နေအိမ်တွင် နေရသဖြင့် လူသူကြဲပါးခဲ့မှုများကဲ့သို့ ယခုတွင် သွားလာမှုနည်းပါးသည့် အခြေအနေကိုပင် မတွေ့ရဘဲ မိမိတို့လုပ်ရမည့် နိစ္စဓူဝ လုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်နေသည်ကို တွေ့ရသည်။






ထိုသို့ သွားလာလှုပ်ရှားနေမှုများတွင် အိမ်ထောင်စုများ တစ်နေ့တာလိုအပ်သည့် ဈေးဝယ်မှုများ၊ လက်လီလက်ကား ဈေးရောင်းဌာနများ၊ ကျောင်းသင်တန်းနှင့် တစ်နေ့တာပုံမှန် သွားလာလှုပ်ရှားနေရသောလုပ်ငန်း၊ လူပုဂ္ဂိုလ်များ ဆောင်ရွက်ရသော လုပ်ငန်းများ ပုံမှန် လည်ပတ်နေသည်ကို တွေ့ရှိရသည်။ပို၍ထူးခြားသည်မှာ မိမိတွင် ပိုက်ဆံရှိပါက အချိန်မရွေးဝယ်ယူနိုင်သော ရွှေဆိုင်များ၌ပင် စည်ကားစွာ ဝယ်ယူနေကြသလို လူကုံထံများနေထိုင်ရာ ရန်ကုန်မြို့လယ်တွင်လည်း Silent Strike ပြုလုပ်သောနေ့ဆိုသည်ကိုပင် မခံစားရအောင် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိသည်ကို တွေ့ရသည်။
MT News သတင်းဌာန၏ ရန်ကုန်မြို့တွင်း သွားရောက်လေ့လာမှုများအရ ရန်ကုန်မြို့တွင်း မြို့နယ်များအပြင် ၎င်းမြို့နယ်များနှင့် ဆက်စပ်နေသော မြို့နယ်များတွင်လည်း ပုံမှန်အတိုင်းလည်ပတ်နေပြီး ဆိပ်ကမ်းလုပ်ငန်းများ ဆောင်နေသည့် ရန်ကုန်မြို့တွင်းမှ အလုံမြို့နယ် တစ်လျှောက် ကမ်နားလမ်းတွင်လည်း ပုံမှန်အတိုင်း မိမိလုပ်ငန်းများကို ပံမှန်ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။






ရန်ကုန်မြို့လယ်ရှိ သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေး၊ အခြားသော လမ်းဘေးဈေးသည်များသည်ပင် မိမိလုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်နေသလို အများပြည်သူအနေဖြင့်လည်း ၎င်းတို့နိစ္စဓူဝ ပုံမှန်လူနေမှုပုံစံများအတိုင်း နေထိုင်သွားလာနေကြခြင်းဖြစ်သည်။
ယခင် Silen Strike ပြုလုပ်ခဲ့ချိန်တွင် YBS ယာဉ်နှင့် မဖြစ်မနေ သွားလာမှုကိုသာ တွေရှိရသော်လည်း Silent Strike နေ့များသာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ထူးခြားမှု တစ်ခုမှမဖြစ်လာသည့်နောက်ပိုင်း NUG နှင့် PDF များ၏ Silent Strike နေ့ပြုလုပ်ခိုင်းမှုအပေါ် အများပြည်သူများအနေဖြင့် မရှိသလိုဟန်ပြု ပုံမှန်အတိုင်း နေထိုင်သွားလာ လှုပ်ရှားလာနေကြသည်ကိုလည်း တွေ့ရှိလာရသည်။
သို့သော် Exile Media များကမူ မူလကပင် လူသူအသွားအလာနည်းသော နေရာများ၊ ပြည်သူများ လမ်းမထွက်သေးသည့် နံနက်အစောပိုင်းအချိန်များနှင့် ပုံဟောင်းများကို ဖော်ပြကာ Silent Strike လုပ်ဆောင်နေကြောင်း လိမ်လည် ပုံမှားရိုက် ဖော်ပြနေကြသည်။
