MT News

Written by Peya

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ပေါ်တွင် အခါတိုင်းရင်းသား အမျိုးသားတစ်ဦး ဦးခေါင်းကို ဓားခုတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း တာချီလိတ် လူမှုကူညီရေးအသင်းမှသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်း ၁ နာရီခွဲ အချိန်တွင် တာချီလိတ်မြို့ တရားရုံးလမ်းဆုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အခုတ်ခံရသူမှာ ပါကွေ့ရွာနေ အသက် ၂၆ နှစ်အရွယ် အခါတိုင်းရင်းသား အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

“ဓားခုတ်ခံထားရတယ်ဆိုပြီး အကူအညီတောင်းလာလို့ သွားတာပါ။ လူနာကို ဆေးရုံကို ပို့ပေးလိုက်တာပါ။ ကျွန်တော်တို့သွားတဲ့အချိန် သူ့အမျိုးသမီးလည်း ရှိနေပါတယ်။ ဒဏ်ရာကတော့ ဦးခေါင်းတစ်ချက်ထိတယ်။ ခါးမှာလည်း ထိပါတယ်” ဟု တာချီလိတ် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသားကို ဓားဖြင့်ခုတ်သူမှာ ထွက်ပြေးသွားခဲ့ပြီး ဖမ်းမိခြင်းမရှိလိုက်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *