MT News

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၉၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၅၈၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၇ ဒသမ ၄ သန်း၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ တန် ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညတွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းရပ်ရှိ အမှတ်(၃/၁၂၂) နှင့် (၃/၁၂၃)နေအိမ် ၂ လုံးကို သတင်းအရရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း “စိုင်းရွက်” အား ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၉၂ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၈၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၇ ဒသမ ၄ သန်း၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ တန်နှင့် ဆက်စပ်ပစ္စည်းများအား မော်တော်ယာဉ် ၄ စီးနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သူများ ပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *