၇.၁၂.၂၀၂၅
Photo by Hey Mar










မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌနဲ့ ရန်ကုန်တိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲကို ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြို့နယ်ဘောလုံးကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ အခုချိန်မှာ လူငယ်ကိုယ်စားလှယ်လောင်း အင်အား ၈၅ ရာခိုင်နှုန်းနဲ့ အင်အားဖြည့် ဖွဲ့စည်းထားပြီး လူငယ်တွေက တက်ကြွစွာနဲ့ နိုင်ငံရေးပါးမဝသေးဘဲ ပြည်သူကို စွမ်းစွမ်းတမံ အလုပ်အကျွေးပြုနိုင်တာကြောင့် မတတ်သေးတဲ့အရာကို သင်ကြားပြသပေးရင်းနဲ့ လူငယ်တွေကို နေရာပေးသွားမယ်လို့ ပါတီဗဟို ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ဆိုပါတယ်။
မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဉ်ပြိုင်ရွေးကောက်ခံတဲ့ ပါတီတွေထဲ တစ်ခု အပါအဝင်ဖြစ်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းအရေအတွက် ၄၂၈ ဦး ပါဝင်ရွေးကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
