MT News

Written by Min Mahar

တပ်မ​တော်ထောက်ခံသူ အမျိုးသားတစ်ဦးအား “ငစိုင်းဆိုတာ မင်းလား”ဟု မေးကာ PDF သေနတ်သမားများက ပစ်ခတ်သွားသဖြင့် ဒဏ်ရာရရှိမှု ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညဦးပိုင်းက မြင်းခြံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာတွင်နေထိုင်သော ဖုန်းပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သည့်အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏နေအိမ်မှ တောင်ဘက် ၁ မိုင်ခန့်အကွာတွင်ရှိသော သရက်ခြံအတွင်းမွေးမြူထားသည့် ကြက်များအားကြည့်ရှုနေစဉ်အတွင်း အမည်မသိ PDF ၅ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ၎င်းအား “ငစိုင်းဆိုတာ မင်းလား”ဟု ပြောဆိုကာ သေနတ်အတိုများဖြင့်ပစ်ခတ်၍ ကန်ဆွယ်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“သူက နိုင်ငံရေးတော့သီးခြားမလုပ်ဘူး။ တပ်ကိုထောက်ခံလို့ ဒလန် ဆိုပြီးတော့ ပစ်ခတ်သွားတာဖြစ်မယ်။ ငစိုင်းဆိုတာ မင်းလားလို့မေးတော့ သူကလည်းရိုးတော့ ခေါင်းညိတ်လိုက်တော့ တန်းပစ်သွားတာ။ ကံကောင်းလို့ အသက်မသေတာ”ဟု အပစ်ခံရသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ယင်းမှာ ယာဘက်ဝမ်းဗိုက်ကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပုခုံးကိုဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့ကာ ည ၈ နာရီခွဲတွင် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ထားရှိခဲ့ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့များမှ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အခင်းဖြစ်နေရာအနီးမှ USA LUGER ကျည်ခွံ ၃ ခု၊ THAI ARMS ကျည်ခွံ ၂ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *