၂၉.၁၁.၂၀၂၅
Written By Thandar
Mahar Application ရဲ့ Original Series ဖြစ်တဲ့ Sweet Romance ဇာတ်လမ်းပုံစံ “ညှို့ဆေး”ဇာတ်ကားမှာ လောင်မြိုက်စရာမပါဘဲ ချစ်စရာကောင်းတဲ့ အပျိုကြီးမမ ပတ္တမြားခင်ဆိုတဲ့နေရာက ပါဝင်ထားပါတယ်လို့ သရုပ်ဆောင် ရတနာဗိုက ပြောပါတယ်။
“ညှို့ဆေးဆိုတဲ့ ဇာတ်ကားထဲမှာ အပျိုကြီးမမ ပတ္တမြားခင်ဆိုတဲ့ ရုံးဝန်ထမ်းလေးပါ။ ညို့ဆေးက တကယ့်ကို ချစ်ဖို့ကောင်းတဲ့ဇာတ်လေးပါ။ ဗိုလ်က ဒရာမာကားတွေရိုက်ရတာများတယ်။ ခုဆိုရင် ဗီဒီယိုကားလေးက ဇာတ်လမ်း ဇာတ်အိမ်လေးကလည်း ကောင်းတယ်။ ဒါရိုက်တာ ပြည့်ဖြိုးနိုင် ရိုမန့်ဇာတ်လေးမို့ လက်ခံရိုက် ဖြစ်ခဲ့တာပါ။ ဗိုလ်က ဒီညို့ဆေးမှာ စည်းစနစ်နဲ့ အလုပ်လုပ်တဲ့သူမို့ အားလုံးက သံမဏိဆိုတဲ့ နာမည်ပြောင်းပေးခံရသူ ကာရိုက်တာပါ။ ဒီကား လောင်မြိုက်တာတွေ မပါဘဲ ပေါ့ပေါ့ပါးပါးလေးမို့ ကြည့်လိုက်တာနဲ့ ကြည်ကြည် နူးနူး ရိုမန့်ဖန်စီကားလေးပါ။ ဒါရိုက်တာ ပြည့်ဖြိုးနိုင်နဲ့ ဒုတိယမြောက်ဆုံတဲ့ကားလေးပါ။ ထုတ်လွှင့်ရင်လည်း အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ရတနာဗိုက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ညမွှေးပန်း၊ ဇာတ်ညွှန်း အိမ့်သဒ္ဒါ၊ ဒါရိုက်တာ ပြည့်ဖြိုးနိုင်(PPN) က မမနဲ့မောင်လေးရဲ့ Ro ထားကြတဲ့ Sweet Romance ဇာတ်လမ်းပုံစံရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။ သရုပ်ဆောင်တွေအဖြစ် ရှိုန်းတင်ထူး၊ ရတနာဗို၊ အကယ်ဒမီဇော်ဦး၊ ဦးဝင်းမြိုင်၊ ဒီပါကျော်၊ ခိုင်စု စတဲ့အနုပညာ ရှင်များစွာပါဝင်ထားကြပါတယ်။
“ညှို့ဆေး”ဇာတ်ကားကို မနက်ဖြန် နိုဝင်ဘာ ၃၀ ရက် နံနက် ၇ နာရီမှာ Mahar Application က ထုတ်လွှင့် ပြသသွားမှာလည်းဖြစ်ပါတယ်။
#SheinHtinHtoo #YadanarBo #ရှိုန်းတင်ထူး #ရတနာဗို #Diparkyaw #ဒီပါကျော် #Khinesu #ခင်စု #ဒါရိုက်တာပြည့်ဖြိုးနိုင် #ညှို့ဆေးဇာတ်ကား #mahar #maharapplication #မဟာနဲ့ဆိုဇိမ်ပဲ




