၂၇.၁၁.၂၀၂၅
Written By Thandar
HUNK Film Production က အက်ရှင်အချစ်ဇာတ်လမ်းပုံစံ “မြို့ပြထဲကလမ်းမ” Street Gang ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကို နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ အက်ရှင်ကားကို Gangster ကို 1,2,3,4 အထိရိုက်ခဲ့တယ်။ ခုက နောက်ထပ် Street Gang ဆိုပြီးနောက်တစ်ခု နာမည်ပြောင်းထပ်ရိုက်ဖြစ်တာပါ။ အက်ရှင်ကိုမှ အဆက်အစပ်ရှိတဲ့ ပညာပေးကိုမှ အက်ရှင်နဲ့တွဲဖက်ထားတဲ့ အနုပညာတစ်ရပ်ကို ဖော်ပြထားတာပါ။ ကိုယုန်လေးရိုက်တဲ့ ကားတွေထဲ Gangster 3 လောက်မှ ကြည့်ဖြစ်ခဲ့တယ်။ ပြည်ပကိုမမီပေမယ့် ကိုယ့်ဆီမှာ တော်တော်ကောင်းအောင် ဖန်တီးလာကြတာမို့ ထက်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်”လို့ သရုပ်ဆောင်ထက်ထက်ထွန်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာအနေနဲ့ ယုန်လေးက အက်ရှင်ကြိုက်နှစ်သက်သူတွေအတွက် အက်ရှင်အချစ်ပုံစံ အကောင်းဆုံးပုံဖော်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ယုန်လေး၊ တိုင်ရွန်၊ ထက်ထက်ထွန်း၊ ရွှန်း၊ JJ၊ အောင်လေး၊ ရာဝန၊ စစ်နိုင်၊ ဘိုချမ်း၊ ဝင်းထွဋ်ဝင်း၊ ဥက္ကာကျော်၊ ဇေထူး၊ ရဲမင်းနောင်၊ လပြည့်၊ BENJAMIN၊ ခန့်ကျော်၊ Bwar Bwar၊ ကောင်းမင်းသန့်၊ Black-Z Stunts နဲ့ သရုပ်ဆောင်များစွာအပြင် အထူးဧည့်သည်သရုပ်ဆောင် ထူးအယ်လင်းနဲ့ မိုးသဒ္ဒါတို့ပါဝင်ထားကြပါတယ်။
“မြို့ပြထဲကလမ်းမ@Street Gang” ရုပ်ရှင်ဇာတ်ကားကို မနက်ဖြန် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာပြည်တွင်းကရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#ထက်ထက်ထွန်း #ယုန်လေး #YoneLay #HtetHtetHtun #BoChan #KaungNyuntWai #OakKarKyaw #MyanmarCelebrity #TharSitt #AungLay #မြို့ပြထဲကလမ်းမ #StreetGang





