၂၆. ၁၁.၂၀၂၅
Photo by Linn Eain





ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ ကျုံပျော်မြို့ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာ ၂၅ ရက်တွင် ကွင်းဆင်းဆေးကုသပေးမှုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင် သွားရောက်ကြည့်ရှုကာ လူနာများကို အားပေးခဲ့သည်။




ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၊ ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းဆေးကုသမှုအစီအစဉ်တွင် ကျုံပျော်မြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ သူနာပြုများလည်း ပူးပေါင်းပါဝင်ကုသပေးခဲ့ပြီး နံနက်ပိုင်းတွင် ဆေးကုသမှုသို့ လာရောက်ပြသသူ ဦးရေ ၉၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။
