ပုံစာ။ NUG အမြဲတမ်းအတွင်းဝန် ကြည်ပြာနှင့် လင်ဖြစ်သူ ညီညီမင်းအကြောင်း တိုင်စာ၊ ပို့စ် အချို့။
နေမိုး
၂၅. ၁၁. ၂၀၂၅
NUG ဝန်ကြီးချုပ်ရုံးက ဝန်ထမ်းတွေကို ခွေးထက်တောင် နှိမ်ထားတဲ့ အမြဲတမ်းအတွင်းဝန် ကြည်ပြာတို့လင်မယားကို တိုင်ကြားထားတဲ့ အမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း စစ်ဆေးနေတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
တိုင်ကြားခံရသူ ကြည်ပြာနဲ့ သူ့ရဲ့ NUG ရုံး ညွှန်ကြားရေးမှူးချုပ်တာဝန်ထပ်ယူထားတဲ့ ခင်ပွန်းနဲ့ ဘာပညာအရည်အချင်းမှမရှိဘဲ NUG ရုံး ဦးစီးအရာရှိရာထူးယူထားတဲ့ တူနှစ်ယောက် စတဲ့ တိုင်ကြားခံရသူတွေကိုလည်း တိုင်ကြားခံရလို့ စုံစမ်းစစ်ဆေးနေဆဲကာလ နိုဝင်ဘာ ၂၂ရက်က စတင်လို့ တာဝန်က ယာယီရပ်နားထားတယ်လို့ NUG က ဆိုပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ကြည်ပြာနဲ့ လင်ဖြစ်သူ ကိုညီညီမင်းတို့မိသားစုဟာ ဝန်ကြီးချုပ်ရုံးမှာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစီးအရာရှိ စတဲ့ ရာထူးကြီးတွေယူပြီး ပြည်သူ့အလှူငွေကို မိသားစုစီးပွားရေးသဖွယ် စည်းစိမ်ခံ သုံးစွဲတာ၊ ဝန်ထမ်းတွေအပေါ်နဲ့ NUG အစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ် ဆောင်ရွက်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ CDM နဲ့ NUG ဝန်ထမ်းတွေကို သူတို့မွေးထားတဲ့ ခွေးလောက်တောင် အလေးမထားဘဲ ဖိနှိပ်တာ စတာတွေကြောင့် ဖိနှိပ်ခံရတဲ့ အလုပ်ထွက်ခဲ့ရတဲ့ NUG ရုံးဝန်ထမ်းဟောင်း ၁၉ ဦးကပဲ နိုဝင်ဘာ ၁၉ ရက်မှာ တိုင်စာပို့ခဲ့တာပါ။
ကြည်ပြာဟာ NLD အစိုးရဟောင်း လက်ထက်က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့လင်ဖြစ်တဲ့ ညီညီမင်းကတော့ NGO တွေမှာ လုပ်ကိုင်ခဲ့သူဖြစ်လို့ ပြည်သူ့အလှူငွေ ကိုယ်ကျိုးသုံးရာမှာ အထူးကျွမ်းကျင်သူဖြစ်သလို ကြည်ပြာနဲ့ညီညီမင်းကို တိုင်ကြားချက်မှာလည်း ပြည်တွင်းပြည်ပက လှူဒါန်းငွေတွေကို စာရင်းမရှင်းဘဲ ထင်တိုင်းကြဲသုံးဖြုန်းခိုးယူအလွဲသုံးစားလုပ်မှုတွေကို သက်သေနဲ့တကွ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ထို့ပြင် ဝန်ကြီးချုပ်ရုံးအတွင်းဝန် ကြည်ပြာ့ကိုတိုင်ကြားစာသည် ဝန်ကြီးချုပ်ရုံးမေးလ်အတွင်း ရောက်မလာဘဲ ယာယီသမ္မတထံရောက်လာသဖြင့် အဆိုပါစုံစမ်းစစ်ဆေးမှုစတင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကြည်ပြာနှင့်ညီညီမင်းသည် သူတို့အပေါ်ဝေဖန်ထောက်ပြသူများကို PDF များနှင့် သတ်ဖြတ်ခိုင်းမည်ဟု ခြိမ်းခြောက်ကြောင်း၊ တိုင်ကြားစာကိုလည်း ချီးသေးကအစ တိုင်၍ ဂရုမစိုက်ဟုပြောကြောင်း၊ ညီညီမင်းဟာ ရုံးတွင်းအမျိုးသမီးတွေအပေါ်လည်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ကြောင်း၊ ပြည်သူတွေလှူဒါန်းထားငွေကနေ သူတို့မွေးထားတဲ့ အိမ်မွေးခွေးအတွက် မွေးနေ့ကျင်းပခဲ့သလို လစဥ်သိန်းဆယ်ချီလည်းသုံးစွဲနေကြောင်း လူမှုကွန်ရက်မှာလည်း ဝေဖန်နေကြပါတယ်။
ပုံစာ။ NUG အမြဲတမ်းအတွင်းဝန် ကြည်ပြာနှင့် လင်ဖြစ်သူ ညီညီမင်းအကြောင်း တိုင်စာ၊ ပို့စ် အချို့။







