နေမိုး
၂၂. ၁၁. ၂၀၂၅
ပါရာမော်တာတစ်စင်းကို ပစ်ချလိုက်သည်ဟု မြိုင်ပကဖအဖွဲ့က ယခု ထုတ်ပြန်လာသည်။
မြိုင်ပကဖသည် ပေါက်ပကဖ၊ MGY-PDF စုပေါင်းတပ်များဖြင့် ပူးပေါင်းကာ တပ်မတော် စစ်ကြောင်းများအားတိုက်ခိုက်စဉ် ပခုက္ကူ တပ်မ (၁၀၁) မှ လာရောက်ပစ်ခတ်သော ပါရာမော်တာအား ပစ်ချရာ ပျက်ကျသွားကြောင်း ယနေ့ နိုဝင်ဘာ ၂၂ ရက် ညနေ ၆ နာရီ ၁၈ မိနစ်အချိန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုပ်သံမှတ်တမ်းများအရ ပျက်ကျနေသော ပါရာမော်တာတစ်စင်းဘေးတွင် PDF များ စုပြုံသယ်ယူနေသည်ကို တွေ့ရှိရသော်လည်း လိုက်ပါလာသော တပ်မတော်သား၏ အဖြစ်အပျက်ကို မဖော်ပြထားသလို ပါရာမော်တာပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူ PDF အရေအတွက်ကိုလည်း ဖော်ပြမထားပေ။
