၂၂.၁၁.၂၀၂၅
Written By Thandar
MHC Vision ထုတ်လုပ်ရေးက ပွဲဦးထွက်အနေနဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ ဆန်းကြယ်မှုတွေပါဝင်တဲ့ “သူငယ်ချင်းတို့အိမ်” ဇာတ်လမ်းတွဲ လာမယ့် နိုဝင်ဘာ ၂၄ ရက်မှာ အပတ်စဉ်တနင်္လာနေ့ကနေ သောကြာနေ့ အထိ HEY Play Application နဲ့ HEY Play YouTube Channel တို့က ပြသပေးမှာဖြစ်ပါတယ်။
“နေခြည်က ဒီဇာတ်လမ်းတွဲမှာ ဗန့်ကာရိုက်တာလေးနဲ့ နေခြည်တဆိုတဲ့ ဇာတ်ကောင်နေရာကပါဝင်ထားတာပါ။ ဗီလိန်မို့ ဇာတ်ကားပြရင်းလည်း ဆဲရင်လည်း ဆဲပါစေတော့။ မတတ်နိုင်တော့ဘူးပေါ့နော်။ ကာရိုက်တာ အတွက်မို့ သဏ္ဍာန်လုပ် သရုပ်တူအောင် ကြိုးစားလုပ်ခဲ့တယ်။ ကိုယ်တိုင်က ဇာတ်လမ်းတွဲကတစ်ဆင့် ဒီလောက ထဲရောက်လာတာမို Series ရိုက်ရတာလည်း ပိုသဘောကျပါတယ်။ အချိန်များများလည်း ပရိသတ်က ပိုတွေ့ရတယ်ထင်မိပါတယ်။ ဒီကားလေး နိုဝင်ဘာ ၂၄ ရက်နေ့ HEY Play က ထုတ်လွှင့်ရင်လည်း နေခြည်ကို အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် နေခြည်ရွှန်းလက်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း Skyward Art Team က ရေးသားပြီးတော့ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အဲရစ်လင်းက သရုပ်ဆောင် ဉာဏ၊ ဝိုင်းရွှေရည်၊ နေခြည်ရွှန်းလက်၊ ကျော်မိုးပိုင်၊ ဆာရာ၊ ကူးကူးဟန်သာ၊ ပြုံးဟန်သာကို၊ လွန်းခြယ်၊ ပန်းဝတ်မှုန်၊ ပိုင်စိုးစံ၊ မင်းနေလင်း၊ မိုကို၊ နန်းရှင်စော၊ ကလေးသရုပ်ဆောင် ရွှေရည် လွန်းအိမ်နဲ့အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
