၁၉.၁၁.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ၊ အလယ်ရပ်တွင် နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၂ နာရီ ၅ မိနစ်ခန့်က နေအိမ် ၈ လုံးနှင့် ဆိတ်ခြံမီးလောင်မှုမှာ ဆိတ်များ ခြင်မကိုက်စေရန် ခြင်မီးမွှေးထွန်းပေးထားရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အလျား ၄၅ ပေ၊ အနံ ၃၆ ပေရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် ဆိတ်ခြံတစ်ခြံနှင့် ဆိတ်လေးကောင်သေဆုံးခဲ့ပြီး နှစ်ထပ်အိမ် ခုနစ်လုံးနှင့် နွားစာတဲတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၃၆နှစ်အရွယ် ဦးမျိုးမင်းအောင်ဆိုသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမရပူရ မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
