၁၇.၁၁.၂၀၂၅
Written By Thandar
Sunday Film Production ရိုမန့်ဇာတ်လမ်းပုံစံ “ရာသက်ပန် ငါ့ကောင်မလေး” ရုပ်ရှင်ဇာတ်ကားကြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကြောင့် နှစ်ပတ်ဆက်လက်ပြသခွင့်ရရှိခဲ့ပါတယ်။
“ရာသက်ပန်င့ါကောင်မလေးကို online မှာရော ရုပ်ရှင်ရုံထဲမှာပါ။ တခဲနက် အားပေးကြည့်ရှုမှုတွေကြောင့် ဒုတိယပတ်ဆက်တိုက် ပြသခွင့် ရရှိသွားပါပြီ။ ဒီဇာတ်ကားကို အားပေးကြတဲ့ ပရိသတ်တွေ အနုပညာရှင်တွေရဲ့ Fan တွေရောကြောင့်မို့ နှစ်ပတ်ဆက်တိုက်ကို ရုံပြသခွင့်ကို ရရှိခဲ့ပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေ တစ်ယောက်တိုင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်”လို့ Sunday Film Production က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း ဆီလံ၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ မယ်မင်းဘုံက သရုပ်ဆောင် အကယ်ဒမီ အေးချမ်းမောင်၊ နေမျိုးအောင်၊ ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ ဖူးစုံ၊ ရွှေသမီး၊ နော်ဖောအယ်ထား၊ ဝေဖြိုးနဲ့ အခြားအနုပညာရှင်များစွာ ပါ၀င်သရုပ်ဆောင်ထားကြတာလည်းဖြစ်ပါတယ်။
ရာသက်ပန် ငါ့ကောင်မလေး ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ ၁၄ ရက်က စတင်ရုံတင်ပြသခဲ့ပြီးတော့ လက်ရှိမှာတော့ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံပေါင်း ၆၇ ရုံမှာ ရုံတင်ပြသနေလျက်ရှိတယ်လို့ သိရပါတယ်။
#AyeChanMaung #NawPhawEhHtar #ShweThamee #SundayFilmProduction
#ရာသက်ပန်ငါ့ကောင်မလေး





