၁၂.၁၁.၂၀၂၅.
Translated by Htwe Ko Tun
တူရကီနိုင်ငံရဲ့ စစ်ဘက်ကုန်တင်လေယာဉ်တစ်စီးဟာ နိုဝင်ဘာလ ၁၁ ရက်က ဂျော်ဂျီယာနိုင်ငံမှာ ပျက်ကျခဲ့ပြီးတဲ့နောက် လေယာဉ်ပေါ်ပါရှိတဲ့ စစ်ဘက်ဝန်ထမ်း ၂၀ ဦးစလုံးသေဆုံးခဲ့ရတယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာလ ၁၂ ရက်မှာ ကြေညာခဲ့ပြီး “ကျွန်ုပ်တို့၏သူရဲကောင်းစစ်သည်တော်များသည် အသက်ပေးသွားခဲ့ကြသည်” ဆိုတဲ့ စာတန်းကို အွန်လိုင်းမှာ တင်ခဲ့ပါတယ်။
“ကျွန်ုပ်တို့၏သူရဲကောင်းစစ်သည်တော်များကိူ သယ်ဆောင်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် အဇာဘိုင်ဂျန်မှ ကျွန်ုပ်တို့နိုင်ငံသို့ ဦးတည်ပျံသန်းလာသော ကျွန်ုပ်တို့၏ C-130 စစ်ဘက်ကုန်တင် လေယာဉ်သည် ဂျော်ဂျီယာ-အဇာဘိုင်ဂျန်နယ်စပ်အနီးတွင် ပျက်ကျခဲ့ပြီး အသက်ပေးသွားခဲ့ကြသည်” လို့ ကာကွယ်ရေးဝန်ကြီး ရာဆာ ဂူလာက လူမှုကွန်ရက် X မှာတင်ထားတဲ့စာမှာ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ ပြောခဲ့ပါတယ်။

အရာရှိတွေကလည်း အဇာဘိုင်ဂျန်နိုင်ငံ မှ တူရကီသို့ ဦးတည်ပျံသန်းလာတဲ့ C-130 Hercules လေယာဉ်ပေါ်တွင် ဝန်ထမ်းများပါဝင်တယ်ဆိုတာ ပြောကြားခဲ့ကြပါတယ်။
X တွင်တင်ထားသောပို့စ်တစ်ခုတွင် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီရက်ဗ်ကလည်း တူရကီသမ္မတ ရီဆက် တေရစ် အာဒိုဂန် ဆီကို ဝမ်းနည်းကြောင်း X ကနေ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဂျော်ဂျီယာလေကြောင်းအသွားအလာထိန်းချုပ်ရေးဌာနက လေယာဉ်ဟာ နိုင်ငံရဲ့လေပိုင်နက်ထဲဝင်ရောက် ပြီး မကြာမီမှာ ရေဒါမှပျောက်ကွယ်သွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုရဲ့ အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်နေဆဲပါ။
တူရကီနိုင်ငံမှ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ နိုဝင်ဘာလ ၁၂ ရက်အစောပိုင်းမှာ လေယာဉ်ပျက်ကျရာနေရာသို့ ရောက်ရှိခဲ့ပြီး ဂျော်ဂျီယာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လေယာဉ်ရဲ့ အပျက်အစီးတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

တူရကီ ရဲ့ ပုဂ္ဂလိကရုပ်သံလိုင်း NTV ရဲ့ သတင်းတစ်ပုဒ်အရ လေယာဉ်ရဲ့ အပျက်အစီးတွေဟာအနီးအနား နေရာအများအပြားမှာ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။
C-130 Hercules လေယာဉ်ကို အမေရိကန်ထုတ်လုပ်သူ Lockheed Martin မှ ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝန်းရှိ လေတပ်များစွာက ဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာတွေ သယ်ယူပို့ဆောင်ဖို့ အသုံးပြုကြပါတယ်။
တူရကီစစ်တပ်က လေယာဉ်ပျက်ကျမှုရဲ့ ရုပ်ပုံတွေကို မထုတ်ပြန်ဖို့ သတင်းစာတွေကို တောင်းဆိုထားပြီး သေဆုံးသူတွေအတွက် လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ စိုးရိမ်မှုတွေကို ကိုးကားပြီးပြောရတာလို့ ဆိုပါတယ်။
ဈာပနအခမ်းအနားတွေနဲ့ ပတ်သက်လို့ ဒါမှမဟုတ် ရုပ်ကြွင်းတွေကို တူရကီကို ဘယ်တော့ ပြန်ရောက်မယ်ဆိုတာ သတင်းအချက်အလက်တွေ မသိရသေးပါဘူး။
Ref- CNN
