၁၁.၁၁.၂၀၂၅
Written By Thandar
SUNDAY Film Production က ရိုမန့်ဇာတ်လမ်းပုံစံ “ရာသက်ပန် ငါ့ကောင်မလေး” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ရာသက်ပန် ငါ့ကောင်မလေးရဲ့ ဇာတ်ဝင်တေးကို ကမ်းလှမ်းလာတော့ ရွှေဆိုသင့်တယ်ပေါ့ဆိုပြီး ရွှေလက်ခံဆိုဖြစ်တယ်။ ဆိုတဲ့အချိန်မှာ Studio ထဲမှာလည်း အကြာကြီး အသံသွင်းရတာလေ။ Guide ပေးတဲ့ ညီမလေး တော်တော်ပင်ပန်းသွားရှာတယ်။ ကိုယ့်သီချင်းထားနဲ့ ဇာတ်ဝင်တေးကို တွဲကြည့်တော့လည်း အဆင်ပြေသွားပါတယ်”လို့ သရုပ်ဆောင် ရွှေသမီးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း ဆီလံ၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ မယ်မင်းဘုံက သရုပ်ဆောင် အကယ်ဒမီ အေးချမ်းမောင်၊ နေမျိုးအောင်၊ ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ ဖူးစုံ၊ ရွှေသမီး၊ နော်ဖောအယ်ထား၊ ဝေဖြိုးနဲ့ အခြားအနုပညာရှင်များစွာ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။
“ပရိသတ်တွေက ဘုံဆိုရင် လောင်တယ် လောင်တယ်ပြောနေကြလို့ ဒီကားက စောင်ကိုက်ရမယ့် ကားပါ။ စောင်ကိုက်ရမယ်။ လောင်လည်း လောင်မယ့်ကားပါ။ မင်းသားကလည်း အေးချမ်းမောင်ဆိုတော့လေ။ အချစ်ဇာတ်လမ်းလေးမှာဘယ်လို RO ကြမလဲဆိုတော့ တွေ့ရမှာပါ ”လို့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။
“ရာသက်ပန်ငါ့ကောင်မလေး” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာတစ်ပြိုင်တည်း ပြသမှာဖြစ်ပါတယ်။
#AyeChanMaung #ShweThamee #NawPhawEhHtar #PhuSone #NayMyoAung #waiphyoe #MayThanNu #sundayfilmproduction #𝐅𝐨𝐫𝐞𝐯𝐞𝐫𝐌𝐲𝐆𝐢𝐫𝐥









