၈.၁၁.၂၀၂၅
Written By Thandar
အငြိမ့်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဝင်းသပြေထွန်းရဲ့ ဖခင်ဖြစ်သူ ယနေ့ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
“အဖေဦးဇင်း ဒီနေ့မနက်စောစောမှာ ဆုံးသွားပြီ…။ အဖေရေ ရှုတင်က ၂ ရက်စာကျန်သေးတာ မစောင့်တော့ဘူးနော်။ အဖေဦးဇင်းနောက်ဆုံးချိန် မရှိခဲ့အောင် ကံဆိုးလွန်းပါတယ်။ ကောင်းတဲ့ဘဝကို ရောက်မယ်ဆိုတာ သမီးယုံတယ်အဖေ” လို့ သရုပ်ဆောင် သဘင်မင်းသမီး ဝင်းသပြေထွန်းက ပြောပါတယ်။
သူမကတော့ ကျန်းမာရေးကြောင့် ခါးထိခိုက်ပြီးတော့ မိသားစုကိစ္စကြောင့် အငြိမ့်မကဖြစ်တာဆိုရင်တော့ ၄ နှစ်ကြာခဲ့ပြီလည်းဖြစ်တယ်လို့ သိရပါတယ်။ ဝင်းသပြေထွန်းကတော့ အိမ်ထောင်ပြုလိုက်တာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး မှော်ရုပ်ရှင်ထုတ်လုပ်ရေးကို လုပ်ဆောင်နေလျက်ရှိသူလည်းဖြစ်ပါတယ်။
“ဒီဘဝမှာ အဖေခေါ်စရာမရှိတော့ဘူး။ နောက်ဘဝဆိုတာရှိခဲ့ရင် သမီးရဲ့ အဖေဖြစ်ဖို့ ကြိုစောင့်နေနော် အဖေ…။ ဒီဘဝမှာ တာဝန်ကျေတဲ့သမီးဖြစ်ခဲ့သလို နောက်ဘဝမှာလည်း သားသမီး ဝတ္တရားကျေမယ်နော် အဖေ… ။ အဖေဘဝသစ်မှာ အဆင်ပြေပါစေ။ သမီး ပြုသမျှကုသိုလ်တွေ အဖေရပါစေ”လို့ သူမက ဆက်ပြောပါတယ်။
“သူက လက်ရှိမှာ “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီးကို အခက်အခဲများစွာကြားကနေ ရအောင်ကြိုးစားပြီး ရိုက်ကူးနေရင်းကပဲ ဒီနေ့မနက်မှာပဲ သရုပ်ဆောင်ဝင်းသပြေထွန်းရဲ့ ဖခင် ဆုံးပါးသွားပါးတယ်တဲ့။ ဖခင်နာရေးကို ချက်ချင်းမပြန်ဘဲ ကျန်နေသေးတဲ့ ရိုက်ကူးရေးရက် ၂ ရက်ကို ဆက်လက်ရိုက်ကူးပေးသွားမယ်ဆိုပြီး ဆုံးဖြတ်ပေးတဲ့အတွက် ကျွန်တော်တို့ ရုပ်ရှင်ကားကြီးအဖွဲ့သားတွေကိုယ်စား မျက်နှာပူစွာ မဝံ့မရဲနဲ့ ကျေးဇူးတင်ရပါကြောင်းနဲ့ မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ပြောကြားလိုပါတယ်”လို့ ဒါရိုက်တာ မင်းဆက်သစ်က ပရိသတ်သိအောင်ပြောလာပါတယ်။
#ဝင်းသပြေထွန်း #WinThaPyayTun #MyanmarActress #အငြိမ့်မင်းသမီးသရုပ်ဆောင် #မတန်မရာရုပ်ရှင် #RIP #CeleRIP





