နေမိုး
၅. ၁၁. ၂၀၂၅
ရေစကြို PDF နှစ်ဦးက ရဲတပ်ဖွဲ့ဝတ်စုံဝတ်ပြီး ရဲတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ ရဲတပ်သားတစ်ဦးအား ပစ်သတ်ပြီးနောက် ၎င်း၏ ကိုယ်ဝန်သည်ဇနီးကို ဖမ်းဆီးခဲ့သည်ဟု Southern YSO PDF အဖွဲ့ကဝန်ခံထားသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီခွဲခန့်က Southern တပ်ပေါင်းစုမှ PDF ၂ယောက်က ရဲတပ်သားအသွင်ယူကာ ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်ပြီး ပခုက္ကူ၊ ရေစကြို လမ်းမသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာကာ ပခုက္ကူလေယာဉ်ကွင်းထိပ်တွင် အရပ်ဝတ်ဖြင့်ရှိနေသည့် ရဲတပ်သားဇနီးမောင်နှံအနက် ခင်ပွန်းဖြစ်သူ ရဲတပ်သားကို ပစ်သတ်ပြီး ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို အရှင်ဖမ်းဆီးခဲ့သည်ဟု Southern YSO PDF ၏ ဝန်ခံချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အခင်းဖြစ်ပွားနေရာနှင့် မီတာ ၂၀၀ အကွာမှ ကင်းဂိတ်မှ ပစ်ကူပေးသောအခါ ၄၀ မမ တစ်လုံး ပစ်ခတ်လိုက်ကြောင်းနှင့် Southern YSO PDF ပစ်သတ်လိုက်သူမှာ အသက် ၂၈ နှစ်အရွယ် ရဲတပ်သား ကိုရည်မွန် (လ-၂၈၁၁၆) လုပ်သက် ၆ နှစ်၊ ပခုက္ကူ မြို့မရဲစခန်း တာဝန်ကျသည့် ပခုက္ကူမြို့ဇာတိ နေထိုင်သူဖြစ်ကြောင်း၊ ထိုဖြစ်စဥ်မှ MA1 သေနတ်တစ်လက်နှင့် ဆိုင်ကယ် တစ်စီး လုယက်ခဲ့ကြောင်း ဝန်ခံထားသလိုဖမ်းဆီး ထိန်းသိမ်းထားသော ရဲတပ်သားရည်မွန်၏ ကိုယ်ဝန်ငါးလရှိသူကို စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

