MT News
၅. ၁၁.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့်မော်လိုက်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းမပေါ်ရှိ သံကူကွန်ကရစ်အမျိုးစား ပလူဇဝ တံတားကြမ်းခင်းအား PDF များက မီးရှို့ဖျက်ဆီးလိုက်ကြသည်ဟု ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့်မော်လိုက်မြို့ကို ဆက်သွယ်ထားသည့် ကလေး-မော်လိုက်သွားကားလမ်းမပေါ်ရှိ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော အရှည် ပေ ၃၀၀၊ အကျယ် ၁၈ ပေရှိ သံကူကွန်ကရစ်အမျိုးစား ပလူဇဝတံတားအား PDF များက အောက်တိုဘာ ၃၀ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတား၏တောင်ဘက်ခြမ်းကြမ်းခင်း ၁၀ ပေခန့် မီးလောင်ပျက်စီးခဲ့ရာ အများပြည်သူများဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်၍ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ခရီးသွားအများပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် PDF များ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးသွားသော ပလူဇဝတံတားကြမ်းခင်းအား အမြန်ဆုံးပြန်လည်ပြင်ဆင်ခြင်းများဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာ ၃၁ ရက်တွင်ပြီးစီးခဲ့သဖြင့် ကလေး-မော်လိုက်သွားကားလမ်းမပေါ်၌ အများပြည်သူများ၊ မော်တော်ယာဉ်များ ပုံမှန်အတိုင်းဖြတ်သန်းသွားလာလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
