၄. ၁၁. ၂၀၂၅
Written & Photo by NYL








တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာ ၄ ရက်)ည ပြည်သူ့ရင်ပြင်တွင် တန်ဆောင်တိုင်ပွဲတော်ကျင်းပနေသည့် ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ယနေ့သည် နောက်ဆုံးနေ့ဖြစ်ကာ လပြည့်နေ့လည်းဖြစ်သည့်အတွက်ကြောင်း လာရောက်သူများပြားခဲ့သည်။
အဆိုပါ တန်ဆောင်တိုင်ပွဲတော်တွင် MSMe အရောင်းပြခန်းများ၊ အနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ DJ ဖျော်ဖြေမှုများအပြင် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ခြင်းနှင့် လျှပ်စစ်မီးအလှဆင်မှုများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
