၃.၁၁.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က နိုင်ဂျီးရီးယားနိုင်ငံမှာ ခရစ်ယာန်ဘာသာ၀င်တွေကို သတ်ဖြတ်နေတယ်ဆိုတာ ရပ်ဆိုင်းဖို့ သူ့အနေနဲ့ စစ်ရေးအရ အင်အားအသုံးပြုဖို့ စဥ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် နိုင်ဂျီးရီးယားအစိုးရကတော့ စစ်သွေး ကြွတွေကို တိုက်ခိုက်ဖို့ အမေရိကန်အစိုးရက ကူညီလာရင် ကြိုဆိုသွားမှာဖြစ်တယ်လို့ ပြောခဲ့ ပေမယ့် နိုင်ငံအတွင်း ခရစ်ယာန်ဘာသာ၀င်တွေ အသတ်ခံနေရတယ်ဆိုတာကိုတော့ အလေးအနက်ထား မပြောခဲ့ဘူးလို့ သိရပါတယ်။
ထရမ့်ပ်က နိုင်ဂျီးရီးယားနိုင်ငံအတွင်း ခရစ်ယာန်ဘာသာ၀င်တွေကို သတ်ဖြတ်နေတာကို တားဆီးဖို့ တပ်ဖွဲ့၀င်တွေချထားတာ ဒါမှမဟုတ်လေကြောင်းတိုက်ခိုက်မှုပြုတာတွေ လုပ်သွားနိုင်တယ်လို့ နိုဝင်ဘာလ ၂ ရက်မှာ ဆိုခဲ့ပါတယ်။
Air Force One လေယာဥ်ပေါ်မှာ သတင်းထောက်တွေက နိုင်ဂျီးရီးယားမှာ အမေရိကန်အစိုးရအနေနဲ့ စစ်ရေးအရ အရေးယူမှုတွေရှိလားနိုင်မလားလို့ မေးကြရာမှာ ထရမ့်ပ်က “နိုင်ဂျီးရီးယားမှာ ခရစ်ယာန်ဘာသာ၀င်တွေ အများကြီးအသတ်ခံနေရတယ်။ ဒီမှာ ကျွန်တော်မျှော်မှန်းကြည့်တာတွေ အများကြီးရှိပါတယ်။ ဒီလောက် ခရစ်ယာန်တွေ သတ်ဖြတ်ခံနေရတာကို တော့ ကျွန်တော်ခွင့်ပြုမနေနိုင်ဘူး” လို့ ဖြေခဲ့ပါ
တယ်။
ထရမ့်ပ်က နိုင်ဂျီးရီးယားမှာ ခရစ်ယာန်တွေကို ဒီ
လောက်သတ်ဖြတ်နေရင် သူ့အနေနဲ့ အရေးယူဆောင်ရွက်ရလိမ့်မယ်လို့ နိုဝင်ဘာလ ၁ ရက်က လူမှုကွန်ရက်မှာခြိမ်းခြောက်ပြောကြားခဲ့အပြီး နိုဝင်ဘာလ ၂ ရက်မှာ ခုလို ဆက်လက်ပြောခဲ့တာပါ။
ဒါ့ပြင် ထရမ့်ပ်က လိုအပ်ရင် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်ဖို့ ကာကွယ်ရေး၀န်ကြီးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ထားဖို့ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူတော်အနေနဲ့ နိုင်ဂျီးရီးယားမှာ တခြားလူမျိုးစု ဒါမှမဟုတ် ဘာသာ၀င်တွေထက် ခရစ်ယာန်ဘာသာ၀င်တွေကို ပစ်မှတ်ထားခံနေရတယ်ဆိုတာ သက်သေအထောက်အထားတော့ တစ်စုံတစ်ရာမပြခဲ့ပါဘူး။ နိုင်ဂျီးရီးယားအစိုးရဘက်ကလည်း ဒီပြောကြားချက်က မဟုတ်မှန်ဘူးလို့ ငြင်းခဲ့ပါတယ်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာ အာမက် တီနူဘူရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဘွာလာကတော့ X လူမှုကွန်ရက်မှာ အမေရိကန်အနေနဲ့ နိုင်ဂျိးရီးယား
ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဆိုတာ သိထားရပါမယ်။ အမေရိကန်က နိုင်ဂျီးရီးယားအစိုးရနဲ့ ထိတွေ့သဘောတူညီမှုမရှိဘဲတစ်ဖက်သတ်အရေး ယူဆောင်ရွက်မယ်ဆိုတာဟာ သံတမန်ရေးအရ လုံးမသင့်တော်ပါဘူး လို့ပြောခဲ့ပါတယ်။
ဒါ့ပြင် ဘွာလာက သမ္မတ ထရမ့်ပ်အနေနဲ့ အထင် အမြင်မှား အယူအဆမှားယွင်းတာဖြစ်ပါလိမ့်မယ်။ နိုင်ဂျီးရီးယားနိုင်ငံအတွင်းမှာ ဒီလို မျိုးတုံးသတ်ဖြတ်မှုဖြစ်နေတဲ့နေရာမရှိပါဘူးလို့ဆက်လက်ပြောခဲ့ပါတယ်။
Ref-DW News
