၂. ၁၁. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် မြို့တော်ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂ ရက်ကူးစ နံနက် ၁၂ နာရီခွဲအချိန်က ဘန်ကောက်မြို့၊ ဆူခွန်ဗစ် စွိုင် ၁၃ ရှိ နာမည်ကြီး ဇိမ်ခံဟိုတယ်တစ်ခု၏ အခန်းတွင် အမျိုးသားချင်း လိင်ဆက်ဆံသူများ ပါဝင်သည့် မူးယစ်ဆေးဝါးပါတီကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံသား ၂၈ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး အပါအဝင် လူပုဂ္ဂိုလ် ၂၉ ဦးကို ဖမ်းဆီးခဲ့သည်။

အခန်းထဲသို့ ဝင်ရောက်ရာတွင် ရဲအရာရှိများသည် အခန်းအနှံ့ ပြန့်ကျဲနေသော ကွန်ဒုံးများ၊ ချောဆီဂျယ်လ်များ၊ ဗိုင်ယာဂရာ (Viagra) ဆေးပြားများနှင့် တရားမဝင် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့သည်။

ဖမ်းဆီးခံရသူများအနက် လေးဦးကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် တရားဝင် စွဲချက်တင်ထားသည်။ ကျန် ၂၅ ဦးကို ထပ်မံ စုံစမ်းစစ်ဆေးရန်အတွက် လမ်ပီနီ ရဲစခန်းမှ အရာရှိများက လက်ရှိတွင် စစ်ဆေးမေးမြန်းနေသည်။

စုံစမ်းစစ်ဆေးမှုများအရ ဤမူးယစ်ဆေးဝါး စုဝေးပွဲကို စီစဉ်သူအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က သောင်လိုရဲစခန်းနယ်မြေတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည့် အဖွဲ့နှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။
Ref, Khaosod
