နေမိုး
၃၁. ၁၀. ၂၀၂၅
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဖြစ်သော တရုတ်ကိုးကန့် MNDAA ၊ တအာင်းလက်နက်ကိုင် TNLA နှင့် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA တို့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သော်လည်း MNDAA နှင့် TNLA တို့က လားရှိုး၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ ဆုတ်ခွာမည်ဟု ဝန်ခံကတိပြုကာ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲလိုက်ပြီးနောက် ရခိုင်ကို ပိုမိုထိုးစစ်ဆင်လာပြီး ယမန်နေ့တစ်ရက်တည်း ရခိုင်မြို့ခြောက်မြို့ဗုံးကြဲခံရဟု AA က ဝန်ခံညည်းတွားချက်ကို ယခုထုတ်ပြန်လာသည်။
AA ၏ ဝန်ခံချက်အရ တပ်မတော်က AA နယ်မြေလုယက်သိမ်းယူထားသော ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ပေါက်တောမြို့နယ်နှင့် ထိုးစစ်ဆင်နေသော စစ်တွေ၊ ကျောက်ဖြူတို့အပြင် ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေရွာကိုပါ ဒရုန်း၊ ဗုံး၊ ရေကြောင်း၊ လေကြောင်း လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်သဖြင့် AA ထိန်းချုပ်ရာနေရာမှ ၈ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ဝန်ခံထားသည်။
ထို့အပြင် ယနေ့ အောက်တိုဘာ ၃၁ ရက် နံနက် ၁၁ နာရီခွဲတွင်လည်း AA နယ်မြေလုယက်ထိန်းချုပ် အခြေစိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို ဗုံးကြဲတိုက်ခိုက်သဖြင့် ၄ ဦးသေပြီး ၁၀ ဦး စိုးရိမ်ရကြောင်းလည်း ဝန်ခံချက်တွင် ဖော်ပြထားသည်။
