၂၈.၁၀.၂၀၂၅
Written By Thandar
W Entertainment က Horror Drama ဇာတ်လမ်းပုံစံ “နတ်ဝင်သည်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားက သရဲကားရယ်လို့ပဲ မဟုတ်ဘူး။ ရိုမန့်လေးတွေ ဒရာမာလေးတွေပါတဲ့ ကားလေးပါ။ ကစ်ကစ်ရဲ့ ဒုတိယအကြိမ်ပြန်လည်ရိုက်ကူးကားလို့လည်း ပြောလို့ရတယ်။ ဒီကားကို ကျွန်တော်တို့အဖွဲ့တွေ တော်တော်လေးကို ကြိုးစားပြီး ရိုက်ကူးပုံဖော်ခဲ့ကြတာပါ။ အသားကြီး၊ ငါးကြီးမစားဘူး။ ကျွန်တော်ကတော့ သက်သတ်လွတ်စားပြီး ပုတီးစိပ်။ ရိုက်တဲ့ကာလတစ်လျှောက်လုံးမှာ ရိုက်ကူးမှုတွေကို လုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့် အနှောင့်အယှက်ကင်းကင်းနဲ့ သေချာရိုက်ကူးပြီးစီးခဲ့တာပါ”လို့ ဒါရိုက်တာ ဝင်းလွင်ထက်က ပြောပါတယ်။
အဆိုပါဇာတ်ကားမှာ ဓိရာမိုရ်အဖွဲ့က ဇာတ်ဝင်တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပြီးတော့ အခမ်းအနားကို ကျင်းပခဲ့တာပါ။
ဒီဇာတ်ကားကို ဇာတ်ညွှန်း မိုးနီလွင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အလင်းရောင်၊ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်၊ နေထက်လင်း၊ ချာလီ၊ ညီနန္ဒ၊ ထပ်ဆင့် အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ ဖူးစုံ၊ ပြည့်ကောင်းစုသန့်၊ စမ်းစမ်းဝင်း၊ ဝင်းမင်းသန်း၊ ထူးသာ၊ နှင်း၊ လွန်းခြယ်၊ ယွန်းရွှေရုပ်လွှာနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
“နတ်၀င်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#WuttHmoneShweYi #soultalker #MyanmarFilm #ALinnYaung #Charli #NayHtetLin #NyiNanda #MayThanNu #myothandartun #phoosone #natwinthelfilm #နတ်၀င်သည်








