၂၅.၁၀.၂၀၂၅
Written By Thandar





ယနေ့ အောက်တိုဘာ ၂၅ ရက် ညပိုင်းမှာ အဆိုတော် ရေမွန် သီဆိုခဲ့တဲ့ သီချင်းတွေနဲ့ နောက်ဆုံးနှုတ်ဆက် ဖျော်ဖြေခဲ့တဲ့ Idiot Farewell Fever 109 မှာ Vocalist ဖြစ်တဲ့ အဆိုတော် အဒီနိုဟာ စင်ပေါ်မှာ ရေမွန်ရဲ့ ”မငိုနဲ့တော့” သီချင်းကို ဖျော်ဖြေနေတုန်း လဲကျသွားခဲ့ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းက Eastern Yangon Event Park မှာ လုပ်တဲ့ ဒီပွဲမှာ အခုလိုလဲကျရင်း အသက်ပါသွားခဲ့တဲ့ အဒီနိုက သူချစ်တဲ့ ဂီတလောကကိုပါ နောက်ဆုံး အပြီးတိုင် နုတ်ဆက်သွားခဲ့ကြောင်း သိရပါတယ်။
အနုပညာလောကသားတွေက အဒီနိုဟာ .. Heart Attack နဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း ဝမ်းနည်းစွာ အတည်ပြုထားတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
သူဟာ Metal အဆိုတော်တစ်ဦးဖြစ်ပြီး Heart Attack ရဖူးလို့ နှလုံးထဲ Stent ထည့်ထားရတယ်လို့ သိရပါတယ်။
