၂၁.၁၀.၂၀၂၅
Written By Thandar
Shwe Sandar Min Production က စီစဉ်ရိုက်ကူးထားတဲ့ “ဝတ်မှုန်တစ်စက်၏ အတ္ထုပ္ပတ္တိ”ဇာတ်လမ်းတွဲမှာ စိုးရိမ်စိတ်များပြီး အချစ်ကြီးသူ နှင်းဆုဆိုတဲ့ ဆရာမလေးတစ်ယောက်နေရာက သရုပ်ဆောင်ထားတယ်လို့ သရုပ်ဆောင် ဖုန်းသီရိကျော်က ပြောပါတယ်။
“ဆရာတာရာမင်းဝေရဲ့ ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ ဝတ်မှုန်တစ်စက်၏ အတ္ထုပ္ပတ္တိမှာ စိုးရိမ်စိတ်များပြီး အချစ်ကြီးသူ နှင်းဆုဆိုတဲ့ ဆရာမလေးတစ်ယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီကားလေးက ဂျင်နီ Script ဖတ်ဖတ်ချင်းတုန်းက ဘာမှအလောင်တွေမပါဘူးပေါ့နော်။ ရေးထားတဲ့ ဝတ္ထုကလည်း Fancy ပုံစံလေး ဆိုတော့လေ။ ကြည်နူးရမယ်။ ပျော်ရမယ်ပေါ့။ ခက်ခဲတဲ့ ဒရာမာဆင်းန်တွေလည်း မပါဘူး။ ခက်ခဲတာကတော့ ကာရိုက်တာပီပြင်ဖို့က ဝတ်စားဆင်ယင်မှုလေးတွေကို ဂရုစိုက်ပြီး လုပ်ဆောင်ထားတာပါ”လို့ သရုပ်ဆောင် ဖုန်းသီရိကျော်က ပြောပါတယ်။
အဆိုပါဇာတ်လမ်းတွဲကို ဝတ္ထု တာရာမင်းဝေ၊ လက်ထောက်ဒါရိုက်တာ အောင်ဩဘာ၊ ဇာတ်ညွှန်းနဲ့ အကယ်ဒမီဒါရိုက်တာ ဇော်မြင့်ဦးက သရုပ်ဆောင်တွေဖြစ်တဲ့ ရှင်မွေလ၊ ဘုန်းရှိန်ခန့်၊ ကောင်းဟိန်း၊ ကောင်းစံ၊ ဖုန်းသီရိကျော်၊ ပြည့်ကောင်းစုသန့်၊ ရှင်မင်းဆက်၊ မို့၊ အိမ့်ကြာဖြူ စတဲ့သူတွေနဲ့ ရိုက်ကူးပုံဖော်ထားကြပါတယ်။
“ဂျင်နီအမေကလည်း တက္ကသိုလ်ကျောင်းဆရာမဆိုတော့ မေမေကိုကြည့်ပြီး ဆရာမလေးပုံစံ ပြင်ဆင်ထားတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းလေးလည်းပါတယ်။ ဂျင်နီတို့ ဒီကျောင်းကြီးနဲ့ကလည်း မစိမ်းဘူးပေါ့နော်။ တစ်ချိန်က ဥပဒေကို ကိုယ့်သူငယ်ချင်းတွေနဲ့အတူ တက်ခဲ့ချိန်တွေကို ရိုက်ကူးရင် အမှတ်ရမိတာလေးတွေလည်း ရှိပါတယ်။ ဒီကားက ဒရာမာအရမ်းကြီး မပါပေမယ့် ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ရွှင်စေမယ့် ဇာတ်လေးမို့ အားပေးကြလို့ပြောချင်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။
“ဝတ်မှုန်တစ်စက်၏ အတ္ထုပ္ပတ္တိ” ဇာတ်လမ်းတွဲကို လာမယ့် အောက်တိုဘာ ၂၂ ရက် ည ၈ နာရီတိုင်းမှာ တနင်္လာကနေ သောကြာနေ့အထိ Fortune TV Channel မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
#ရှင်မွေလ #Shinmwayla #ဖုန်းသီရိကျော် #Phonethirikyaw #ဘုန်းရှိန်ခန့် #Phonesheinkhant #ပြည့်ကောင်းစုသန့် #Pyaekaungsuthant #တာရာမင်းဝေ #Taryarminwai #ဒါရိုက်တာဇော်မြင့်ဦး #DirectorZawmyintoo
#ဝတ်မှုန်တစ်စက်၏အတ္ထုပ္ပတ္တိဇာတ်လမ်းတွဲ






