၂၀. ၁၀. ၂၀၂၅
Translated by Thettant
ယခုနှစ် သီရိလင်္ကာ မယ်စကြဝဠာသည် သူမ၏ အဖိုးတန်ပစ္စည်းများဖြစ်သော Miss Universe Sri Lanka 2025 သရဖူနှင့် ဝတ်စုံတို့ကို ဘန်ကောက်တက္ကစီပေါ်တွင် မတော်တဆကျန်ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် ၁၁၅၅ ခရီးသွားဝန်ဆောင်မှုစင်တာကို ဆက်သွယ်ခဲ့သည်။
ခရီးသွားရဲတပ်ဖွဲ့ဌာနခွဲ (၂) မှ အရာရှိများနှင့် စကားပြန်တစ်ဦးတို့သည် ဘာသာပြန်ဆိုရန်နှင့် တိုင်ကြားချက်တင်ရန်အတွက် ပထုံဝမ် ရဲစခန်းသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။
၎င်းတို့သည် CCTV မှတ်တမ်းများကို အသုံးပြု၍ တက္ကစီနှင့် ၎င်း၏ယာဉ်မောင်းဖြစ်သူ မစ္စတာ ဘွန်းချွမ် မာတရာခမ်းချမ်းကို လျင်မြန်စွာ ခြေရာခံမိခဲ့ပြီး ၎င်းက သရဖူကို ဘန်ကောက်တောင်ပိုင်း ခရီးသွားရဲစခန်းတွင် ပြန်လည်ပေးအပ်ခဲ့သည်။
၂၀၂၅ သီရိလင်္ကာ မယ်စကြဝဠာ လီဟာရှာ လင်ဆေး-ဝှိုက် က ရဲအရာရှိများကို ကျေးဇူးတင်ရှိကြောင်းနှင့် ၎င်းတို့၏ ထူးချွန်သော အကူအညီအတွက် ကျေးဇူးတင်လေးစားမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုနှစ် Miss Universe 2025 Final ကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်၌ ကျင်းပမည်ဖြစ်ပြီး ကနဦးပြိုင်ပွဲများကိုမူ နိုဝင်ဘာ လဆန်းပိုင်းတွင် စတင်ပြုလုပ်မည်ဖြစ်သည်။
