၁၇.၁၀.၂၀၂၅
Written By Min Thet



ရန်ကုန်တိုင်းဒေသကြီး၊ ပုစွန်တောင်မြို့နယ်တွင် တိုက်နှစ်လုံးကြားသို့ ကလေးငယ်တစ်ဦး ပြုတ်ကျခဲ့သော ကြောင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကသွားရောက် ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၇ ည ၉ နာရီ ၂၇ မိနစ်ခန့်က ပုစွန်တောင်မြို့နယ် ရေကျော် YMBA ရုံးအနီးရှိ တိုက်နှစ်လုံးကြား၌ ကလေးငယ်တစ်ဦး ပြုတ်ကျနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ကျောက်တံတားမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရကြောင်း သိရသည်။
ည၉ နာရီ ၄၃ မိနစ်တွင် တိုက်နှစ်လုံးကြားညပ်နေသော ကလေးငယ်အား ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ကလေးငယ်မှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပီတိမေတ္တာ လူမှူကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြရကြောင်း သိရသည်။
