၁၇. ၁၀. ၂၀၂၅
Written by Nyein Kyaw

မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတာ်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ယနေ့ ညနေပိုင်းက ကျင်းပသည့် ဟိန္ဒူလူမျိုးနွယ်စုများနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းတို့မှ စုပေါင်းကျင်းပသည့် ဒီပါဝလီပွဲတော်သို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံနွယ်ဖွား ဟိန္ဒူလူမျိုး ၁၀ မျိုး အဓိကနေထိုင်ကြောင်း၊ ယခုကဲ့သို့ ဟိန္ဒူလူများ၏ အထွတ်အမြတ်ထားရာ ဒီပါဝလီပွဲတော်သို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဆိုင်ရာဗဟိုအသင်း ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ ဒီပါဝလီပွဲတော်အတွင်း ဟိန္ဒူလူမျိုးများ၏ ရိုးရာဓလေ့အစားအစားများ၊ အသုံးအဆောင်များအပြင်၊ ပြည်တွင်း၌ ထုတ်လုပ်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကိုလည်း ခင်းကျင်းပြသခဲ့ရာ ယာယီသမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့သည်။

