◾️ အစိုးရတစ်ရပ်သည် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေး၊ နိုင်ငံလုံခြုံအောင်နှင့် နိုင်ငံတကာက မိမိနိုင်ငံအပေါ် လူရိုသေရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်းပါ ထပ်ဆင့်မှာကြား
၁၆. ၁၀. ၂၀၂၅
Written by Nyein Kyaw
အစိုးရတစ်ရပ်ဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေး၊ နိုင်ငံတော်လုံခြုံအောင်နှင့် နိုင်ငံတကာက မိမိနိုင်ငံအပေါ် လူရိုသေရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့ တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
မိမိတို့အစိုးရအနေဖြင့် နောင်လာမည့်အစိုးရအတွက် ကြိုတင်ပြင်ဆင်၍ရအောင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးကိစ္စရပ်များကို မှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
အစိုးရတစ်ရပ်ဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ လူမှုစီးပွားဘဝ တိုးတက်အောင်ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ အလားတူ နိုင်ငံတော်လုံခြုံအောင်ဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်း၊ နိုင်ငံတကာကလည်း မိမိတို့နိုင်ငံအပေါ် လူရိုသေရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
သို့မှသာ ခိုင်မာသည့် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုအနေဖြင့် အစိုးရအပေါ်မှာ ခိုင်ခိုင်မာမာဖြင့် ယုံကြည်စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးကြီးအဆုံးအချက်ဖြစ်သည့် နိုင်ငံတော်၏ လူမှုစီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
