၁၉.၁၁.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံက Long March-2C သယ်ဆောင်ရေးဒုံးပျံကို ပစ်လွှတ်ခဲ့ပြီး ဂြိုဟ်တု အသစ်သုံးစင်းကို အာကာသထဲသို့ နိုဝင်ဘာလ ၁၉ ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဒုံးပျံကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်း စံတော်ချိန် မွန်းတည့် ၁၂:၀၁ နာရီမှာ လွှတ်တင်ခဲ့တာဖြစ်ပြီး Shijian-30A၊ Shijian-30B နဲ့ Shijian-30C ဂြိုဟ်တုတွေကို ကြိုတင်သတ်မှတ်ထားတဲ့ ကမ္ဘာပတ်လမ်းထဲကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒီဂြိုဟ်တုတွေကို အဓိကအနေနဲ့တော့ အာကာသပတ်ဝန်းကျင် စူးစမ်းလေ့လာရေးနဲ့ ဆက်စပ်နည်း ပညာ အတည်ပြုဖို့အတွက် အသုံးပြုမယ်လို့လည်း သိရပါတယ်။
အခုပစ်လွှတ်မှုက Long March သယ်ဆောင်ရေးဒုံးပျံအတွက်တော့ ၆၀၈ ကြိမ်မြောက် ပျံသန်းမှု ခရီးစဉ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
