
နေမိုး
၁၅. ၁၀. ၂၀၂၅
နွားလှည်းဖြင့် နေအိမ်ပြန်လာသူအမျိုးသားတစ်ဦးကို တောင်တွင်းကြီး PDF များက ဒလန်ဟု တံဆိပ်ကပ်ကာသတ်ဖြတ်သွားသဖြင့် အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားခဲ့ရှာသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆင်ကျကျေးရွာနေ ဦးတင်စိုး(၅၀)နှစ်သည် လိပ်တိုက်ကျေးရွာမှ ဆင်ကျကျေးရွာသို့ တစ်ဦးတည်း နွားလှည်းဖြင့် ပြန်လာစဉ် လိပ်တိုက်ကျေးရွာအပြင်ဘက်အရောက်၌ အသင့်စောင့်နေသည့် PDF သုံးဦးက “ဒလန်” ဟု ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင်စိုးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
