MT News
Written by Tha Doe
ဒေါ်လာစျေးမြင့်တက်စေရန် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များက ဆောင်ရွက်နေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညတွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။
ကောလာဟလသတင်းများကြောင့် Exporter/Importer များ၊ ဘဏ်များက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသည့်အတွက် ဘဏ်များမှ ထိုသို့ ဆောင်ရွက်ခြင်းမရှိစေရေး ဝင်ရောက်ထိန်းကျောင်းရန်၊ ထိုသို့ဆောင်ရွက်နေသည့် Exporter/ Importer များအား ဖော်ထုတ်ရန်၊ ဖော်ထုတ်ရရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့အား အသိပေးထားရန်နှင့် ဝင်ရောက်ထိန်းကျောင်းခြင်းမရှိသည့် ဘဏ်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များသို့ အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့ညတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
SAC အစိုးရအား ဖြုတ်ချရန်မှာ ပြည်သူများအကြားကျပ်တည်းရန်နှင့် ငွေကြေးစနစ်အပေါ်အယုံအကြည်မဲ့ပြီး ကုန်စျေးနှုန်းမြင့်တက်စေရန်လုပ်ဆောင်ခြင်းမှာ နည်းလမ်းတစ်ခုဟု အလုံးစုံပျက်သုဥ်းရေးလုပ်ဆောင်မည်ကြွေးကြော်ထားသည့် NUG နှင့် PDF များက ယုံကြည်ထားသည့်အတွက် ထိုသို့ဒေါ်လာစျေးကို ကျပ် ၅၀၀၀ အထိ မြှင့်တင်ရန် အစဥ်တစိုက်ကြိုးပမ်းနေပြီး ထိုသို့ကြိုးပမ်းသည့် ငွေစျေးကစားသူများစွာမှာလည်း ဖမ်းဆီးခံထားရသည်။
