၁၀.၁၀.၂၀၂၅
Written By Thandar
Royal King Film Production က မိသားစုအိမ်ထောင်ရေး ဒရာမာ ဇာတ်လမ်းပုံစံ “ကျွန်မချစ်သူ သူ့ယောက်ျား” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ထက်ထက်နဲ့ အုပ်စိုးခန့်တို့က ဒီကားမှာ ပထမဦးဆုံး အတွဲအနေနဲ့ ရိုက်ကူးရမယ့် ကားလို့လည်း ပြောလို့ရပါတယ်။ ဒီကားမှာ ကိုညီနန္ဒနဲ့ ယမုံမြင့်မြတ်တို့က သားအဖဇာတ်ရုပ်ပေါ့နော်။ ထက်ထက်နဲ့ အုပ်စိုးခန့်တို့က ငွေရေးကြေးရေးကြောင့် ကွဲသွားတဲ့ ဒရာမာဇာတ်လေးပါ။ ပရိသတ်တွေအနေနဲ့ ဒီဇာတ်ကဘယ်လို ပုံစံလေးဖြစ်မလဲဆိုတာ စောင့်မျှော်ကြည့်ပေးစေချင်ပါတယ်”လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာအနေနဲ့ စွမ်းပိုင်က သရုပ်ဆောင်တွေဖြစ်တဲ့ အုပ်စိုးခန့်၊ ညီနန္ဒ၊ ထက်ထက်ထွန်း၊ ယမုံမြင့်မြတ်၊ ဆုပန်ထွာ၊ မင်းသူ၊ ဘုန်းလျှံ၊ ရှင်ရဲထွဋ်၊ မင်းခေတ်၊ ထက်လင်း၊ နှိုင်းရှင်မြင့်မိုရ်၊ ဆွိ၊ သူဇာပွင့်၊ ကြယ်စင်၊ မိုကိုခန့်၊ ထူးဝင့်သန္တာ၊ နန်းထိပ်ထား၊ ကေခိုင်ကျော်၊ ကြယ်လေး၊ အောင်ရဲရင့်၊ သျှင်မင်းထွဋ်၊ ငြိမ်းချမ်းကမ္ဘာ၊ ကလေးသရုပ်ဆောင် တုံတုံစွမ်းပိုင် စတဲ့သူတွေနဲ့ ရိုက်ကူးမှာ ဖြစ်ပါတယ်။
#အုပ်စိုးခန့် #ညီနန္ဒ #ထက်ထက်ထွန်း #ယမုံမြင့်မြတ် #ဆုပန်ထွာ #မင်းသူ







