၁၀.၁၀.၂၀၂၅
Written By Thandar
Mahar Original Series က ဒရာမာဇာတ်လမ်းပုံစံ “ရမ္မက်” ဇာတ်လမ်းတွဲ Premiere Show ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဘုံရယ် Mahar ရယ် အောင်သီရိ လက်တွဲတာဆိုရင် ရမ္မက်က ၅ ခုမြောက် Series လည်း ဖြစ်ပါတယ်။ ဘုံက ဒီဇာတ်ကားက ပရိသတ်တွေ မထင်မှတ်ထားတာလေးတွေပါမယ်။ ရမ္မက်ဆိုတဲ့အတိုင်း လောင်မြိုက်ရမယ့် မချိတင်ကဲဖြစ်မယ့် အရာလေးတွေလည်းပါမှာမို့ ပရိသတ်ကို ကြိုပြောထားချင်ပါတယ်။ မိသားစုအချိတ်အဆက်လေး မထင်မှတ်ထားတာလေးတွေ တွေ့ရမှာပါ ” လို့ ဒါရိုက်တာမယ်မင်းဘုံက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း လူညိုချောနဲ့ ဇာဏ်၊ ဇာတ်ညွှန်း သီလံနဲ့ ဇာဏ်၊ ဒါရိုက်တာ မယ်မင်းဘုံက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ထက်အောင်ရှိုင်း၊ အာပူကြူး၊ ဘုဏ်းသွင်၊ ရှယု၊ ခိုင်နှင်းဝေ၊ ယုသန္တာတင်၊ သွန်းဆက်၊ မေဂရေ့စ်၊ ဆုအိမ့်စံ၊ သင်းသဲဗို၊ ရွှေပုံ၊ လင်းလက်ခွန်ချို၊ စနိုးစံ၊ ဝါဝါအောင်၊ စိုင်းကုန်းမင်းသန့်၊ ကိုင်၊ အောင်ခိုင်၊ ဦးဝင်းမြိုင်၊ အောင်တိုး၊ နေ့သစ်ခန့်၊ အေးသီတာ၊ မွန်းတန်း၊ မြမျက်ချယ်၊ သူဇာပွင့်၊ နန်းခမ်းဝါစတဲ့ သူတွေ ပါဝင်ထားကြပါတယ်။
“ရမ္မက်” ဇာတ်လမ်းတွဲကြီးကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် တနင်္လာနေ့ကနေ သောကြာနေ့အထိ Mahar Application က ပြသနေသလို Mahar Channel မှာ ညနေ ၆ နာရီတိုင်းထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။
“ရင်သွေး၊ ကျွန်မက ဗီလိန်ရယ် ခု ရမ္မက်ဆိုရင် ကျွန်မရဲ့ တတိယမြောက်ကားပါ။ ဒီရမ္မက်မှာတော့ အချစ်ကြီးပြီးတော့ အမျက်ကြီးတဲ့ အမျိုးသမီး မြတ်စန္ဒီကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေ အကြိုက်တွေ့စေမှာပါလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင်ခိုင်နှင်းဝေကပြောပါတယ်။
#မယ်မင်းဘုံ #KyawHtetAung #HtetAungShine #KhineHninWai #ရမ္မက် #mahar #maharapplication
#မဟာနဲ့ဆိုဇိမ်ပဲ #AungKhitMin #MyanmarCele











