၉.၁၀.၂၀၂၅
Written By Thandar
Lotus Film Production က ဟာသဇာတ်လမ်းပုံစံ “ကကြီးက”ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲ အခမ်းအနားကို အောက်တိုဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ Kantharyar Shopping Mall ရှိ မင်္ဂလာကန်တော်ကြီးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ကကြီးက,က ဟာသကားလည်းဖြစ်တယ်။ ဒီဟာသတွေကြားမှာ ကိုယ်က ဗီလိန်ကောင်လေး တစ်ယောက်ပါ။ ဒီကားမှာ ယမုံ@ယမုံမြင့်မြတ်ကို လိုက်ပြီး ပိုးပန်းရတဲ့သူဆိုတော့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတယ်လေ။ ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်လေးပါ။ ကိုယ့်ကိုမြင်လိုက်ရင် ဗီလိန်တွေပဲ ကမ်းလှမ်းခဲ့ကြသူတွေ မြင်ရတယ်” လို့ သရုပ်ဆောင် သိန်းလင်းစိုးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ညာလက်တော်၊ မင်းကိုစိုး(နတ်သံကွင်း)၊ ဇာတ်ညွှန်း မင်းကိုစိုး (နတ်သံကွင်း)၊ တွဲဖက်ဒါရိုက်တာ အိ(အရုဏ်ဦး)၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပြီး သရုပ်ဆောင် တိုင်ရွန်၊ မေလသံစဉ်၊ ယမုံမြင့်မြတ် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ကကြီးက ” ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန် အောက်တိုဘာ ၁၀ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။
#တိုင်ရွန် #သိန်းလင်းစိုး #Tyron #TheinLinSoe #မေလသံစဉ် #ယမုံမြင့်မြတ် #MayLaThanzin
#ကကြီးကရုပ်ရှင်ဇာတ်ကားကြီး #Lotus_Film_Production




