၈. ၁၀. ၂၀၂၅
Written by Nay Moe
ချောင်းဦးမြို့နယ်က ဘုံတိုရွာမှာ ဆီမီးသပိတ်လုပ်နေလို့ ဗုံးကြဲခံရချိန် သေဆုံးသူတွေက ပြည်သူလူထုလို့ NUG နဲ့ PDF တွေ၊ သူတို့ထောက်ခံတဲ့ မီဒီယာတွေက လိမ်လည်ရေးသားနေပေမယ့် ဖြစ်စဥ်အမှန်မှာတော့ ပြည်သူလူထုမဟုတ်ဘဲ ကျောင်းသားပြည်သူများနှင့် လူထုသပိတ်အဖွဲ့နဲ့ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က PDF တွေ ဖြစ်နေတယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ ဝန်ခံချက်အရ သိရပါတယ်။

ဖြစ်စဥ်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ် ဝန်းကျင်မှာ
ညအမှောင်ထဲ ဆီမီးသပိတ်ပြုလုပ်နေတဲ့ ကျောင်းသားပြည်သူများ နှင့် လူထုသပိတ်အဖွဲ့ ၊ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) PDF တွေကို ပါရာမော်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လို့ အနည်းဆုံး PDF ၂၀ ခန့်သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဥ်အတွက် ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ် အခြေစိုက် အမှတ် (၁) နယ်မြေက PDF တွေက ဆီမီးသပိတ်လုပ်နေချိန် ဗုံးကြဲခံရလို့ သေဆုံးသူတွေအတွက် အလေးပြုတာ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် (၁) မိနစ်ခန့်ငြိမ်သက်တာ တို့ကို မနေ့ကညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့က လူမှုကွန်ရက်မှာ ပုံနဲ့တကွ ဖော်ပြထားပါတယ်။
