




MT News
၄. ၁၀. ၂၀၂၅
အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန်ဟာ ဒီမနက် ကျင်းပနေတဲ့ One Fight Night 36 ပြိုင်ပွဲမှာ ဒုတိယခေါင်ပွဲအဖြစ် ဆွီဒင်ဖိုက်တာ ကာဒက်စ်တမ်နဲ့ ရင်ဆိုင်ထိုးသတ်မှာဖြစ်ပါတယ်။
ONE Championship ကစားသမားအဖြစ်က အပြင် MMA ဖိုက်တာဘဝကနေပါ အနားယူပြီး နည်းပြဘဝ ကူးပြောင်းတော့မယ့် အောင်လအန်ဆန်ရဲ့ ကစားသမားဘ၀ အမှတ်တရပုံရိပ်နဲ့ မှတ်တမ်းတွေကို One Championship က ဒီနေ့နံနက်ပိုင်းမှာ ဂုဏ်ပြု ဖော်ပြခဲ့ပါတယ်။




အောင်လနဲ့ ကာဒက်စ်တမ်တို့ပွဲဟာ ဒီမနက် ၁၀ နာရီနဲ့ ၁၁ နာရီအကြားဖြစ်ဖွယ်ရှိပြီး လူကောင်ရော ဝိတ်ပါသာတဲ့ အောင်လက ကစားသမားနောက်ဆုံးပွဲစဥ်ကို အနိုင်ယူနိုင်ဖို့ ရည်မှန်းထားလို့ မကြာခင်အချိန်မှာ လက်ဝှေ့ချစ်သူတွေဟာ ချန်ပီယံဟောင်းနှစ်ယောက်ရဲ့ ပွဲကောင်းကို ရှုစားရတော့မှာဖြစ်ပါတယ်။
