၃.၁၀.၂၀၂၅
Written By Thandar





ထိတ်လန့်ခြောက်ခြားစရာ သရဲဇာတ်လမ်းပုံစံ “ထခြောက်”ဇာတ်လမ်းတွဲ Premiere Show ပွဲ အခမ်း အနားကို ယနေ့ အောက်တိုဘာ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါ တယ်။
“ကျွန်တော်နဲ့ ကိုညိုက မဆုံဖြစ်တာ ဆယ်နှစ်ဝန်းကျင်ရှိနေပြီဖြစ်တယ်။ ဒီဇာတ်ကားမှာ ပြန်လည်ဆုံရင်းနဲ့ ရိုက်ကူးခဲ့ကြတာပါ။ နောက် ဒီဇာတ်ကားက ကျွန်တော်နဲ့ ပထမဆုံးလက်တွဲပြီး တခြားသရုပ်ဆောင်တွေလည်း ပါလာတယ်။ နောက် အထက ၆ ကိုရောက်လာတဲ့ကျောင်းဆရာ တစ်ယောက်အနေနဲ့ပါဝင်ထားပါတယ် ”လို့ အကယ်ဒမီကျော်ကျော်ဗိုက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ အကယ်ဒမီညိုမင်းလွင်က ရိုက်ကူးပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ ဗီတာမင်၊ ပန်းရောင်ခြယ်၊ မြယာ၊ ဝင်းလဲ့ရွှေရည်၊ စိုင်းနိယုမ်း၊ အိမ့်ဂျူရီမွန်၊ ဧကရီမိုး၊ သိင်္ဂီမြင့်၊ ရွှေဝတ်မှုံစံ၊ ပုဏ္ဏမီအောင်၊ မင်းဒီပကျော်စ တဲ့သူတွေ ပါဝင်ထားကြပါတယ်။
အပိုင်း ၁၂ ပိုင်းပါဝင်တဲ့ “ထ ခြောက်” ဇာတ်လမ်းတွဲကို လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့က စပြီး ShowLike Application မှာ ပြသသွားမှာဖြစ်ပါတယ်။
