၂. ၁၀. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၂ သန်း ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း ဒေါ်လာသန်း ၇၀၀ ကျော် ထုတ်ရောင်းပေးထားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်းနှင့် စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း ထုတ်ရောင်ပေးထားသည်။
ယခု အောက်တိုဘာ ၂ ရက်တွင် ထပ်မံရောင်းချပေးမည့် ဒေါ်လာ ၂၅ သန်းအပါအဝင် ယခုဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၇၀၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၉၂၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၉၈၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၁၇၅ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ စတုတ္ထအပတ်နှင့်နှိုင်းယှဉ်ပါက စက်သုံးဆီဈေးနှုန်းအားလုံး အနည်းငယ်သာမြင့်တက်မှုရှိခဲ့သည်။
